Ep.20

3.7K 263 18
                                    

ဟိုးအဝေးကြီးကလှမ်းကြည့်ရုံလေးနဲ့တင်ရင်ထဲနွေးကနဲ...ပန်းခြံရဲ့ထောင့်ခုံလေးနားမှာ ပန်းပင်တွေနဲ့အလုပ်ရှုပ်နေတဲ့ joo hyun...

ရပ်ထားသောစက်ဘီးလေးရယ်..
Hyun ရဲ့အညိုဖျော့ရောင်ဆိုသော်ငြား အနည်းငယ်အရောင်မိုင်းနေပြီဖြစ်သောအနွေးထည်ဟာ အရိုးရှင်းဆုံးဖြစ်တည်မူတွေဆိုပင်မယ့် အဆန်းပြားဆုံးသောရင်ခုန်သံတွေကိုမြင်တွေ့တိုင်းပေးစွမ်းနေသည်။....

ဆေးခန်းကပြန်လာတော့ Cafe ဆိုင်လေးကိုအပြေးသွားကြည့်ခဲ့ပင်မယ့်မရှိ.....စာအုပ်ဆိုင်မှာမရှိရင် ဘယ်မှာရှိနေမယ်ဆိုတာကိုတန်းသိရတဲ့အထိ hyun ကို Kang အလွန်ရပါသည်....

တလောကရန်ဖြစ်လာပုံရတဲ့ hyun ဟာမျက်နှာမှာပြင်းပြင်းထန်ထန်ဒဏ်ရာတခုနဲ့...ဘယ်သူလုပ်တာလည်း ဘာကြောင့်ဖြစ်လာရတယ်ဆိုတာကိုဘယ်လိုမေမေး မေး၍မရခဲ့ပါ...hyun ဟာဂရုစိုက်ဖို့မလိုအပ်ကြောင်းသာအေးအေးသာသာပြောသည်....

အေးအေးချမ်းချမ်းနေနေတဲ့သူမကို ဘယ်သူကများစော်စော်ကားကားလက်သရမ်းလိုက်သလည်းဆိုတာကို Seulgi သိပ်သိချင်နေပါသည်..သိတဲ့နေ့ကတော့ တွေ့ရာနေရာမှာတင်....အင်း...မပြောချင်တော့ ဆရာဝန်ဆိုတာစိတ်ကောင်းထားရမည်...

ဘယ်လိုဖြစ်တည်မူမျိုးမှာမဆို လူတိုင်ဟာသူတို့သိပ်တွယ်တာရလွန်းတဲ့နှောင်ကြိုးတွေအပေါ်မှာတော့ အထိမခံကာကွယ်ပေးချင်ကြတာဘဲမလား.....

ထိုဒဏ်ရာတွေကိုဆရာဝန်ပီပီ ဆေးတွေပို့ပေးရင်းကုသပေးချင်တာကြောင့် hyun ရဲ့ဆိုင်ကိုချောင်းပေါက်မတတ်ဝင်ပြီးဂရုစိုက်ပေးခဲ့သည်...

Jennie Kim မေ့လဲတုန်းက ငါမကုတတ်ဘူးလို့ပြောခဲ့တဲ့..စိတ်ကျန်းမာရေးဆရာဝန်ပါသူက....

ဒါပေမယ့် သူလေးအတွက် အထွေထွေရောဂါကုဘွဲ့ကိုပြောင်စလဲယူရင်း အခုလည်းအနာကိုခေါင်းစဥ်တက်ကာ ပန်းခြံအထိလိုက်လာသည်...

Seul:Hyun...hyun..

စာကြည့်မျက်မှန်အဝိုင်းလေးနဲ့ hyun ဟာအာရုံအတော်လွင့်မျောနေ၍ သူခေါ်တာမကြား နှစ်ခွန်းမြှောက်မှာမှကြားသွားကာမော့
ကြည့်လာသည်.....

Last Tear (Season 2)Donde viven las historias. Descúbrelo ahora