Ep.15

3.1K 240 31
                                    

အချိန်တွေသည် hyun ဆီကမုန့်ဗူးလေးရခဲ့ပင်မယ့် စားဖို့ကိုပင်မအားလပ်ခဲ့ဘဲ ထိုမုန့်တွေဟာ အခန်းထဲက ရေခဲသေတ္တာထဲမှာနေရာတကျရှိနေသေးသည်....

Lalisa ကတော့နေ့တိုငိးအိမ်ပြန်အိပ်ပင်မယ့်..အရင်လိုတော့တစောင်းစောင်းဖြစ်မနေဘဲ ကား Model အသစ်တစီးဝယ်ဖို့ကိစ္စကိုအာရုံနောက်နေခဲ့သည်....နေ့လည်းဒီကား ညလည်းဒီကားဖြင့် ယောက်ယက်ခတ်နေသည်....

သူဌေးသမီးတွေ၏ စိတ်အပူအပင်သည်အတော်ကိုတရားကျစရာကောင်းလှသည်...ပိုက်ဆံမဖြုန်းရမှာကြောက်၍ နေ့မအိပ်နိုင် ညမအိပ်နိုင်ဖြစ်နေခြင်း....

ပိုက်ဆံမှမရှာဖူးခဲ့တာ...ပိုက်ဆံရှာဖူးသောလူတယောက်သည် ပိုက်ဆံတန်ဖိုးကိုသေချာနားလည်ပြီး သူ့လိုဆုံ့ရှုံးဖွယ်ရာလူမျိုးကိုတော့ ပြောစရာတောင်မရှိတော့....

သတိတော့ထားမိပါတယ်...
သူဆေးသွားယူတယ်...ဆရာဝန်ဆီသွားပြီးပြန်ပြန်လာတဲ့ရက်ပိုင်းတွေက တည်တည်ငြိမ်ငြိမ်ရှိကာ နဂိုအရင်းခံ ​ပေစောင်းစောင်းပုံစံကလွဲ စတွေ့တုန်းကလို မင်းကိုမြင်တိုင်းအရမ်းမုန်းတာတို့ မင်းအသံကအစငါ့ကိုပူလောင်စေတာတို့ကို အသံနက်ကြီးတွေနဲ့မအော်တော့ပါ...သူလုပ်ချင်ရာကိုလုပ်နေကာ ဘေးဘီကိုသိပ်ပြီးအာရုံမရှိ အေးအေးဆေးဆေးပါဘဲ.....

ကန့်လန့်တွေမပြောဘဲ မပြုမူဘဲ သူ့အကန့်နဲ့သူနေပြီး မိုးလင်းမိုးချုပ်အေးချမ်းနေရင်တော့သိပ်လည်းမဆိုးလှပါဘူးဟု သတ်မှတ်လို့ရသည်....

Lisa ကလေ လူတမျိုးရယ်...တခါတလေကျရင် သူမွေးထားတဲ့ ခွေးလေး Kuku နဲ့စကားတွေပြောနေတတ်တယ်...တခါတလေဆို ကြောင်နဲ့စကားတွေထိုင်ပြောနေတယ်...lisa အသံဟာတအိမ်လုံးကြားနိုင်လောက်အောင်ကိုကျယ်ကျယ်လောင်လောင်...ကြောင်လေးကတခုခုလိမ္မာပြတိုင်း သူသဘောတကျ ထွက်လာတတ်သောရယ်သံတွေဟာ သိပ်ရှားပါးလွန်း ကြားရခဲလွန်းသည်......

Lisa က တိရစ္ဆာန် တွေကိုသိပ်ချစ်တတ်တယ်...တခါတခါ အရက်တွေမူးလာပြီး ခွေးကြီးနဲ့ဖက်ကာ ဧည့်ခန်းကြီးထဲ အိပ်ပျော်သွားတတ်သော lisa ကို Company ကပြန်လာသူ lisa ရဲ့ဇနီးချောလေးက ရွံသလိုကဲ့ရဲ့သလို နှခေါင်းလေးရှုံ့သွားတဲ့မြင်ကွင်းတွေဟာ အိမ်တော်ကြီးထဲမကြာခဏမြင်တွေ့နေရသောမြင်ကွင်းတွေ........

Last Tear (Season 2)Where stories live. Discover now