Ep.33 (part 2)

4.1K 290 61
                                    

မသာမယာရာသီဥတုနဲ ကောင်းကင်တခွင် တိမ်တွေအုံစိုင်းနေသည့်နေ့တနေ့မှာတော့ လောကကြီးနဲ့အဆက်အသွယ်ပြတ်နေသူလေး လောကကြီးထဲပြန်ဝင်လာကာ သူ့လောကလှလှလေးကိုကြည့်ရန်ရောက်နေခဲ့သည်....

Lalisa ၏ကားရပ်သွားကာ ကားပေါ်ကနေ jennie ဆင်းလာခဲ့သည်....အပြင်ရောက်သည်အထိနှုတ်ဆက်၍မပြီးနိုင်သံယောဇဥ်အမျှင်တန်းတွေမပြတ်ဘဲ အလှဆုံးတွေပြုံးပြကာ Lalisa ကိုစန်းကဝေလှလှလေးက ပြုစားနေသည်....

Chaeyoung အကွယ်တနေရာကနေကြည့်နေပြီး lisa ကားပြန်ကွေ့မောင်းထွက်သွားတဲ့အချိန်တွင်တဖြည်းဖြည်း မောင်းဝင်လာခဲ့သည်..

Depression ကာလတွေကျော်လွန်ပြီးတဲ့နောက်..
Chaeyoung ပုံမှန်အတိုင်းပြန်မဖြစ်လာရင်တောင်အရင်လိုမျိုးအခန်းတော့အောင်းမနေချင်....မပြတ်ပြတ်အောင်လုပ်ခဲ့သောကိစ္စတွေသည်လည်းအဆုံးထိအကုန်ကုန်နေပြီ...ထပ်လုပ်စရာမရှိတော့...ရှိလည်းမလုပ်ချင်တော့ပါ....

ထိပ်တိုက်တွေ့ကာ အမှန်တရားကိုဖွင့်ဟပြဖို့ သင့်ပြီဟုဦးနှောက်ကသတိပေးလာခဲ့သည်....
ဖြစ်သင့်လား မဖြစ်သင့်လား
လုပ်သင့်ရဲ့လား မလုပ်သင့်ရဲ့လာစဆိုတာကို Chae အများကြီးမတွေးမိတော့....စိတ်တွေအလွန်ကိုရှုပ်ရှက်ခတ်နေကာ အမျိုးသမီး၏သတင်းကလည်းမကြားချင်မှအဆုံး ထပ်ခါထပ်ခါ....

လူတွေအားလုံးစိတ်ချမ်းသာနေရတဲ့အချိန် ဒီမိန်းကလေးလှလှလေးကိုချစ်မိခဲ့လို့
ဘဝပျက်နေတဲ့သူ့ကို ဒီမိန်းကလေးလှလှလေးကဘဲကယ်တင်ရမည်...

တရားသောမေတ္တာမှာအရမ်းကြီးဇာတ်မနာလွန်းနေဘူးလား...မဖြစ်သင့်မဖြစ်ထိုက်တာကြီးမလို့ သူ့အတွက်တရားမှုကိုတော့လိုချင်သည်....

Jen: သကြားနည်းနည်းထည့်အုန်း...ကော်ဖီကခါးလိုက်တာ...အလုပ်ကိုသေချာလုပ်မှပေါ့...ပြီးတော့....

ဒုန်း"

ကြည်ကြည်လင်လင်မနက်မှာ Laptop ဖွင့်ကာအလုပ်လုပ်ဖို့ပြင်ဆင်နေပြီးအတွင်းရေးမှူးကို ကော်ဖီခါးတဲ့အတွက်ပြန်ပြင်ဆင်ပေးရန်ပြောနေတုန်း ကြမ်းတမ်းစွာတံခါးကိုဆောင့်ဖွင့်လာတာကြောင့် CEO JENNIEKIM ၏ဒေါသသည်ဟုန်းဟုန်းတောက်ချေပြီ..

Last Tear (Season 2)Donde viven las historias. Descúbrelo ahora