Ep.28 (part 2)

4.4K 319 55
                                    

လက်ထဲက Coffee ခွက်ကိုစားပွဲပေါ်အသာချတော့ စိတ်လှုပ်ရှားခြင်းကြောင့်တုန်တုန်ရီရီ....

Lisa:မောင့်ကိုကြည့်..မျက်နှာလွဲမထားနဲ့

မကြည့်ရဲတာတော့အမှန်ပင်မယ့် jennieKim ကအဲ့တလောက်ကြီးလည်းမနူးညံ့နေတော့ ဝိုင်းစက်နေသောမျက်လုံးတွေကိုယှဥ်ပြိုင်
ကြည့်လိုက်ရသည်...

Lisa:တောင်းပန်စရာကိစ္စတွေ...မင်းကိုစတွေ့ကတည်းက မောင်စိတ်ရောကိုယ်ပါဒုက္ခတွေအများကြီးပေးခဲ့တယ်...မောင်သိတယ်...တဖတ်သတ်မောင်လွန်မှားနေခဲ့တာ...တချိန်ထဲမှာမောင်မင်းမျက်နှာကိုမြင်တိုင်းအရူးလိုသိပ်ကြိုက်ခဲ့တာ....တကယ်အရူးကြီးလိုဘဲ.... ဆိုးဝါးလွန်းတဲ့အိပ်မက်တွေကြောင့် မောင့်အပြုအမူတွေသိပ်မှာခဲ့တယ်...အရင်ဆုံးမင်းကိုမောင်တောင်းပန်ချင်တယ်....

Jen: နင်မှားမှန်းကိုယ့်ဟာကိုယ်သိရင်ရပါပြီ...အများကြီးပြောပြနေဖို့မလိုအပ်ပါဘူး....

Lisa:မောင့်ကိုခွင့်လွတ်ပေးမယ်မလား...

Jen: နောက်ထပ်တော့ထပ်မလုပ်တော့နဲ့ပေါ့.....

Lisa:အင်း...နောက်ဘယ်တော့အခါမှထပ်မလုပ်တော့ဘူးနော်...

ပြုံးချင်လာပြီ...ရဲရဲတင်းတင်းပြုံးလို့မရသောအခြေအနေ....jennie ၏နှလုံးသားထဲလိပ်ပြာတွေအများကြီးပျံဝဲလို့နေသည်...

ပြောစရာစကားမရှိ၍ စားပွဲပေါ်ကသစ်သျှူးကိုကောက်ယူလိုက်တဲ့အချိန်ထပ်ထွက်လာတဲ့စကား...

Lisa: ချစ်တယ်....

ချစ်တယ်ထပ်ပိုမလာဘဲ ပြတ်တောင်းပြတ်တောက်းဖြင့်ရည်းစားစကားသည်ဘယ်လိုတောက်ကသောင်းကနင်းဆန်နေမူကြီးလည်း....

Lisa:Jennie...

Jen:အင်း....

Lisa:မောင်...ချစ်တယ်...လို့...

Jen:အင်း...

မောင်သည်လူကြီးလူကောင်းခဏလေးသာဆန်၍ရခဲ့သည်...ချစ်တယ်ပြောဖို့အများပြီးအချိန်ယူခဲ့ပြီးတကယ်တမ်းပြောတဲ့အခါ jennie ဘက်ကပျော်လည်းမပျော် ငိုလည်းမငိုဘဲ အင်းအင်းသာလုပ်နေခြင်းကြောင့် ခုံကို jennie ဘက်ဆွဲကာချက်ချင်းကပ်ထိုင်လိုက်ပြီးနေပြီ...

Last Tear (Season 2)Où les histoires vivent. Découvrez maintenant