Ep.38 (part 1)

4.4K 288 54
                                    

သိပ်ချစ်စရာကောင်းတဲ့အချစ်ဦးလေးရှိခဲ့လည်း ကံကြမ္မာကြောင့်မတတ်နိုင်တဲ့အခါလွတ်ချခဲ့ရတယ်...ဒါပေမယ့် ဖူးစာပါခဲ့သောဘဝလက်တွဲဖော်ဟာ ဘဝတခုလုံးစာအတွက်အလိုက်ဖက်ဆုံးဖြစ်ပြီး အချစ်ဦးနဲ့လွဲသွားလည်း အချစ်ရဆုံးရဲ့မှန်ကန်သောချစ်တတခခြင်းတွေနဲ့အတူ ဘဝကိုအေးအေးချမ်စချမ်းလေးဖြတ်သန်းလို့ရကြောင်း သဘာဝရဲ့အလှတရားလေးကသင်ပြခဲ့တယ်....

BaeJoohyun.....

မေ့လို့မရဘူးဆိုတာကိုသိတယ်...မေ့လို့မရရက်တဲ့ဖြစ်တည်မူလေးဆိုတာကိုသိပါရက်နဲ့ အလှတရားလေး၏နှလုံးအိမ်ထဲက "ကလေး"ဆိုတဲ့ စကားလုံးလေးဟာဘယ်လိုအတ္တနဲ့ဖျက်ဖျက် မပျက်သုန်းနိုင်တာမလို့ ဒေါက်တာလေးကဘဲမသိချင်ယောင်ဆောင်ပေးခဲ့သည်...

အချစ်နဲ့အတ္တဟာတလမ်းဆီ..လက်ရှိသာလျှင်အရေးကြီးဆုံးမလို့ BaeJoohyun အချစ်ဆုံးအမျိုးသမီးကဘယ်သူလည်းလို့အေးရင် KangSeulgi ကိုလက်ညိုးထိုးပြရင် ရပြီ ပွဲကသိမ်းသွားပြီ....

အတ္တမရှိတာမဟုတ်ဘူး..တခါတလေကျရင်အတ္တကိုမပြခဲ့တာလည်း အတ္တကြီးတာဘဲ...အဖြူရောင်ခြယ်သောအတ္တလှလှလေးတွေပေါ့....

KangSeulgi....
.
.
.
..........................."
"Hello Joy ငါပါ  BamBam Jennie ထွက်လို့ရပြီတဲ့...ငါကအခုမြို့ပြင်ရောက်နေတယ် သူကားတောင်မယူဘူး Lice သိသွားမှာစိုးလို့ဒီတိုင်းဘဲဖိနပ်တောင်မပါဘဲပြေးနေတာတဲ့ အခုအိမ်နားမှာဘဲ...ဝေးဝေးရောက်အုန်းမှာမဟုတ်ဘူး...နင်ကပိုနီးတယ်မလား ကားယူပြီးမြန်မြန်ဘေးကင်းတဲ့နေရာကိုပို့ပေးလိုက်...ငါလည်းလာနေပြီ.. အိမ်တော်ထိန်းကြီးဖုန်းလှမ်းဆက်တာမြန်မြန်လုပ်...Lice သိသွားရင်ပြန်ပါသွားအုန်းမယ်.."

"အေး"

အေးဆိုသည့်အသံတွင် BamBam ဒိန်းခနဲ..အေးဆိုသောအသံသည် Joy ၏အသံမဟုတ်ဘူး....
BamBam သည်ခြေတုန်လက်တုန်ုဖြစ်ပြီး Phone Contact ကိုပြန်ကြည့်တော့ Chaeyoung...အပေါ်အောက်နာမည်မှတ်ထားတာမလို့ မှားခေါ်မိလိုပြန်ပြီထင်တယ်...

သူတို့ကရောဘာလို့နာမည်ဆင်နေရတာလည်း...

ParkSooyong...
ParkChaeyoung...

"ငါဘယ်ကမ္ဘာအထိလွဲနေအုန်းမှာလည်းကွာ!!!!"
.
.
.
..........................."
အိမ်တော်ထိန်းကြီးသည်တံခါးလာဖွင့်ပေးခဲ့သည်...
အတော်ကိုအံသြသွားခဲ့တာတော့အမှန်ပါ...

Last Tear (Season 2)Where stories live. Discover now