Ep.23

3.7K 287 33
                                    

Jisoo:Park Chaeyoung!!!!! နင်လွန်မလာနဲ့...

Jennie ၏ရုံးခန်းထဲကစကားတွေသည်သိပ်ကိုပညာသားပါလှသည်...တည်တည်ငြိမ်ငြိမ် ပြောနေပင်မယ့် KimJisoo ၏အရှိုက်
တည့်တည့်ကိုထိလှသည်....

Jen: ကျွန်မဇနီးကပြောမရဆိုမရမလို့ ကျွန်မလွတ်ထားလိုက်လို့ပင်
မယ့် Chaeyoung ကတော့ KimJisoo သေချာနားချရင်ရမှာပါ...lisa အတွက်ပြောနေတာမဟုတ်ပါဘူး..Chaeyoung ကိုသူများတွေမေးငေါ့ကြမှာကိုစိုးရိမ်တာ...အောင်မြင်နေတဲ့ဒီဇိုင်နာဖြစ်နေပြီမလား ကျွန်မဇနီးကနာမည်ပျက်တွေကြီးဘဲ ကောင်းတဲ့နေရာတနေရာတောင်မရှိဘူး..နစ်နာမှာက KimJisoo ရဲ့လက်ထပ်မယ့်သူဖြစ်နေတာ....

ခပြုံးပြုံးဖြင့် စေတနာနဲ့ပြောနေပုံက အနှစ်ချုပ်ရင် ကိုယ့်လူကိုယ်ထိန်းလို့ပြောနေသလိုဘဲ...

JennieKim မျက်နှာပေါ်မှာစေတနာနဲ့တူတာမျိုးအရိပ်အယောင်တောင်ပေါ်မလာ ကောင်းတဲ့နေရာတနေရာမျှတောင်မရှိသေူ ဇနီးဖြစ်သူလေးကို Chaeyoung နဲ့လုံးဝမပက်သပ်စေချင်သောအရိပ်အယောင်လေးတွေသာရှိနေသည်....

ပြန်ကြားယောင်မိတိုင်း ဒေါသသည်တနုံ့နုံ့....

Chae: ငယ်ဘာလုပ်နေလို့လည်း သူငယ်ချင်းမလို့ မိတ်ဆွေမလို့ သတင်းသွားမေးတာ ဒီလောက်ကမ္ဘာပျက်စရာမလိုဘူးနော် Chu!

Jisoo: နင်အဲ့သလောက်လူမူရေးမရှိဘူး Chaeyoung ငါ့ကိုလိမ်မနေနဲ့...

Chae: ငယ်မလိမ်ဘူး...

Jisoo: အနှောင်အဖွဲ့မရှိတဲ့သူတွေကို နင်ပွေတာ နင်ရှုပ်တာ နင်လွတ်လပ်သလို နင်ပျော်သလနေနေတာတွေကိုငါမသိချင်ယောင်ဆောင်ပေးလို့ရတယ်...အိမ်ထောင်ရှိတဲ့သူကိုတော့မဖြစ်ဘူး ငယ်လေး..လုံးဝမဖြစ်ဘူး...လောကကြီးမှလိုက်နာရမယ့်စည်းတွေအများကြီးရှိတယ်..ချစ်သူရည်းစားကြားတောင်မဝင်ရတာ..သူတို့ကလက်ထပ်ထားတာ တရားဝင်ယူထားကြတာ..

Chae:အခုကွဲသွားကြလို့လား..ကျွန်မသတင်းသွားမေးလိုက်လို့ မနက်ဖြန်ကွာရှင်းတော့မှာတဲ့လား...

Jisoo: မကွဲကြပါဘူး ပြောပြနေတာကိုနားထောင်ပါ ငယ်လေးရယ်..lisa နဲ့တတွဲတွဲလုပ်နေတာ တို့လုံးဝမမြင်ချင်ဘူးနော်...JennieKim ကထုတ်သာမပြောတာ Lisa ကိုသိပ်အလေးအနက်ထားတယ် သိပ်ကာကွယ်တယ်..တခုခုဖြစ်လာရင် နင့်ကိုတစဆီဆွဲဖြုတ်လိမ့်မယ်...

Last Tear (Season 2)Where stories live. Discover now