Ep.3

2.7K 240 28
                                    

တပတ်လောက် အဖေနဲ့အလူးအလဲညှိနှိုင်းပြီးသည့်အချိန်တွင် နောက်ဆုံး အဖေသာလျှင်အနိုင်ရသွားခဲ့သည်....Hyun unnie အိမ်ထိသွားကာ ဘောင်ကျော်သောစကားတွေပြောပြီး လမ်းခွဲဖို့ပြောခဲ့ကာ စော်စော်ကားကားသွားလုပ်ခဲ့ပါသေးသည်....

Hyun သည် အခြေအနေတွေအားလုံးကိုအသေအချာနားလည်သွားသော် ခတ္တတော့တိတ်ဆိတ်သွားပြီး ကျွန်မထင်မိပါသည် hyun ဘယ်လိုဖြေရှင်းပေးရမလည်းဆိုတာကို အကြံထုတ်နေလောက်ပြီ....

အရာအားလုံးကိုလွတ်ချပြီး ကိုယ်လွတ်ရုန်းကာ hyun နောက်ကိုလိုက်သွားရင်လည်း ဆေးရုံပေါ်က ရောဂါသည်အမေမျက်နှာသည်ပြန်၍မြင်ယောင်လာခဲ့သည်....တကယ်ကိုစုတ်လည်းစူး စားလည်းရူးအခြေအနေတွင် နောက်ဆုံးတော့ Hyun ကိုစွန့်လွတ်ခဲ့လိုက်ရသည်....

အဖေဟာ တဖက်ကပေးသောငွေတွေလက်ခံကာ လုပ်ချင်ရာလုပ်ပြီးခဲ့ပြီကို ဒီကကျမခေါင်းခံဖို့ဘဲကျန်တော့တာပေါ့....

လက်လွန်ပြီးသောအခြေအနေတခုမှာ အဖေက သူ့နှလုံးသားကို အမှိုက်စလေးတခုလောက်တောင် ဂရုမထားပေးခဲ့...နားမလည်ပေးခဲ့....အထားခဲ့ခံရခြင်းအပေါ်မှာ Hyun သည်လည်း အသေအလဲခံစားရကာ နောက်ဆုံးစကားပြောဆိုပြီးကတည်းက ပျောက်နေခဲ့သည်...

အသဲကွဲသောဝေဒနာသည် အရက်မူးမှသာလျှင်ပျောက်ကွယ်နိုင်တာမလို့ တသက်နဲ့တကိုယ်ခြေမလှမ်းခဲ့ဖူးသော club ရဲ့ထောင့်ဝိုင်းတွင် တယောက်ထဲထိုင်သောက်နေခဲ့သည်...

Hyun နှင့် jen သည် သဲသဲလှုပ်လူအမြင်ကပ်အောင်မနေထိုင်ခဲ့ကြပါ ရင့်ကျက်သောမေတ္တာတရားနဲ့ မျှဝေခံစားပေးနိုင်ခြင်းကို အခြေခံပြီး အေးအေးချမ်းချမ်း ချစ်ကြိုက်ခဲ့ကြသည်....ရန်ဖြစ်ကြတာမျိုးလည်းမရှိသလို ငြင်းခုံကြတာမျိုးလည်းမရှိခဲ့....ဘယ်လောက်ပူလောင်ပူလောင် hyun ရဲ့ကလေး ဆိုတဲ့ခေါ်သံကြားရင် ဘဝအမောတွေအားလုံးပြေပျောက်ခဲ့ရဖူးပါသည်....

မိဘတွေ သဘောမတူ လက်မခံ အိမ်အထိ ပြတ်ပြတ်သားသားလာပြောကာ သူကိုယ်တိုင်လည်း..မ
လွန့်သာမလူးသာသောအခြေအနေတခုတွင် hyun လက်မလျော့လို့မရတော့....

Last Tear (Season 2)حيث تعيش القصص. اكتشف الآن