Ep.40 (part 2)

6.3K 294 42
                                    

Lisa:ပေါင်ပေါ်မှာလာထိုင်လေ...အိမ်မှာဂရုစိုက်ရမယ့်လူတွေလည်းမရှိတော့တဲ့ဟာ...

Jen:ဝရံတာကြီးမှာလေမောင်...

Lisa:မောင်တို့ကအိမ်ထောင်ဘက်တွေလေ...ဘယ်လိုနေနေတင့်တယ်တယ်...ဒီပတ်ဝန်းကျင်ကလူတွေကမောင့်ကိုဆိုမကဲ့ရဲ့ရဲဘူး...

ညသည်လေပြေတချို့နဲ့ကြယ်တွေစုံလျှက်ရှိသည်....L စံအိမ်တော်ကြီး၏တတိယထပ်ဝရံတာသည် တအိမ်လုံးတွင်လက်ရာအမြှောက်ဆုံးထဲမှာပါပြီး ညဘက်တွေဆို အလွန်နေလို့ထိုင်လို့ကောင်းလွန်းသောနေရာ...ခုံတွင်ဝိုင်ခွက်လေးကိုင်ကာ ရင်ခွင်တခုလုံးကိုဖွင့်ဟထားသော မောင့်ဆီသို့ Jennie ကဝိုင်ခွက်ကလေးကိုင်ကာလျှောက်သွားရင်း ညစာစားတုန်းကလိုဘေးတစောင်းချစ်စရာ​ကောင်းအောင်ထိုင်လိုက်တာမျိုးမဟုတ်....မောင်နဲ့မျက်နှာချင်းဆိုင်ဖြစ်အောင်မောင့်ပေါင်တံတွေအပေါ်ခွထိုင်လိုက်သည်....

Jen:ပြီးတာဘဲ...

မောင်သည် Jennie ၏ခါးသိမ်သိမ်လေးကိုဖက်ထားပြီးဝိုင်တ
ကျိုင့်ကိုအရသာခံကာမော့သောက်လိုက်သည်...

Jen:ဝိုင်ကအဆင်ပြေနေရဲ့လားမောင်...ဝယ်သာဝယ်လာခဲ့ရတာ မောင်အကြိုက်မှတွေ့ပါ့မလားလို့

Lisa:မင်းကြိုက်တဲ့အရာတိုင်းမောင်ကြိုက်တယ်....

မောင်ကဝရံတာဘောင်ကစီးကရက်ဘူးကိုလှမ်းယူကာ စီးကရက်တလိပ်ကိုထုတ်လိုက်သည်....

Jen:သောက်အုန်းမလို့လား

Lisa:တလိပ်ဘဲလေ...ဝိုင်ရယ်...စီးကရက်ရယ် မောင့်အလှလေးရယ်ပေါင်းမှ...လောကနိဗ္ဗန်ကိုရောက်တာ....

Jen:စကားတွေကအရမ်းတတ်တာဘဲ....တခါတလေကျအဲ့လိုအရမ်းတတ်နေတာမျိုးကိုမကြိုက်ဘူး...

မောင်သည်စီးကရက်တရှိုက်ကိုဖွာလိုက်ကာ Jennie ၏မျက်နှာအပေါ်အငွေ့တွေမှုတ်ထုတ်ရင်းဆိုသည်....

Jen:မောင်...

Lisa:ဟင်...

Jen:မောင်...

Lisa:ဗျာ...

Jen:တို့ကိုနမ်းပါလား...နည်းနည်းမူးနေပြီထင်တယ်...မောင့်ကိုနမ်းချင်လာလို့...

Last Tear (Season 2)Dove le storie prendono vita. Scoprilo ora