Ep.5

2.8K 235 20
                                    

ငြင်းဆန်ခွင့်မရှိတဲ့ဘဝအစီအစဥ်ကျနေမူမှာ ကိုယ့်ဘဝနဲ့ကိုယ် တသီးတသန့်ခေါင်းမော့ရင်ကော့ကာအသက်ရှင်ရပ်တည်ချင်ခဲ့ပေမယ့်လည်း ကံကြမ္မာရေးဆွဲသူကို ကျမလွန်ဆန်နိုင်စွမ်းမရှိခဲ့ဘူး....

ချည်ပြီးတုတ်ပြီးသား ကြိုးတွေနဲ့ ကျွန်မဘယ်လောက်ခေါင်းကြောမာမာ လွန်ဆန်လို့မရခဲ့ဘူး....ဖရိုဖရဲသွေးစို့နေတဲ့နခမ်းတွေနဲ့ခေါင်းငြိမ့်ပြီးတဲ့နောက် လက်ထပ်ပွဲဝါဖြစ်လာခဲ့ပြီပေါ့....

Jennie kim ဟာမတရားဖမ်းချုပ်နမ်းခံရရုံနဲ့ ချက်ချင်းကြောက်လန့်လက်ခံလိုက်ရတာပေါ့လို့ ကိုယ့်စိတ်ဝိညဥ် ကိုယ့်မာနတရားသည် လှောင်ပြောင်လာခဲ့တော့ ကျမဘာမှပြန်မတုံ့ပြန်နိုင်ခဲ့....

ပြန်တွေးမိလိုက်တိုင်း အနမ်းခံလိုက်ရသည့် မိနစ်အပိင်ုအခြား ခဏသာသည် ကျွန်မမျက်လုံးတွေကိုမတည်မငြိမ်ဖြစ်စေခဲ့သည်..ဒေါသမဟုတ်ပါ ကျမသေသေချာချာကိုသိနေခဲ့သည်....ကျမဒေါသထွက်နေတာမဟုတ်ဘူး...ကျမစိတ်စွမ်းအားတွေကုန်ခမ်းသွားတဲ့အထိ ပြိုလဲကျသွားခဲ့တာ  ဘာတွေများဖြစ်သွားရတာလည်း စဥ်းစားကြည့်မိတိုင်း ခေါင်းထဲရှုပ်ရှက်ခတ်သွားတာကလွဲရင် အဖြေမထွက်ခဲ့.....

လိုချင်တာ ဖြစ်ချင်တာဖြစ်သွားရတော့အဖေတို့သည် ကျေနပ်စွာလက်ထပ်ပွဲကိုပြင်ဆင်နေကြသည်....

အဆိုးထဲကအကောင်းကတော့ ဥက္ကဋ္ဌ Manoban သည် ကျမ Company ကျမ Hotel တွေမှာသာ ဆက်ဦးစီးခိုင်းထားခဲ့ခြင်းကြောင့် ဘဝသည်အခြေအနေမပျက်ခဲ့...သူ့အလုပ်တွေလည်းအကူအညီလိုရင် လာကူညီဖို့တောင်းဆိုကာ ကျမအဆင်ပြေအောင်ညှိနှိုင်းပေးသည်.....

လက်ထပ်ပြီးကြရင်တော့ ကျမထင်ပါသည် သေချာပေါက် L Group မှာသာ အလုပ်လုပ်ပေးရတော့မည်....

သူ့သမီးကဆိုးလို့...
သူ့သမီးကအလုပ်တွေအပေါ်ဘယ်တော့မှစိတ်ဝင်စားမူရှိမှာမဟုတ်လို့ သူ့သမီးဟာအရမ်းဆိုးလို့ ထိန်းကြောင်းပေးဖို့ တော်သူမို့ တတ်သူမို့ လိမ္မာသူမို့ တရားပြပေးရန် Manoban ဥက္ကဋ္ဌ သည်တောင်းဆိုသွားခဲ့သည်....

သူ​သေသွားရင် ဒီပစ္စည်းဥစ္စာတွေကို ဟိုအရူးကမစီမံနိုင်မှန်း အကုန်ပြောင်သွားနိုင်မှန်းကြိုသိ၍ ထိန်းကြောင်းစီစစ်ပေးရန် ပိုတိုးတက်စေရန် ဦးနှောက်ဖောက်စားရန် လစာပေးစရာမလို အလုပ်သမားငှားလိုက်သည့်သဘော...

Last Tear (Season 2)Where stories live. Discover now