Ep.36

3.5K 271 70
                                    

ဝုန်းးးး

ဝုန်းကခနဲပွင့်ထွက်လာသောတံခါးတချပ်သည်ကျယ်လောင်စွာ...အတင်းချုပ်နမ်းနေသူနဲ့မရုန်းနိုင်တဲ့သူ နှစ်ယောက်စလုံးရုတ်တရက်မလို့လန့်သွားကာပြေးဝင်လာသောသူကိုပြိုင်တူကြည့်လိုက်မိသည်....

Jennie မျက်နှာသည်သွေးမရှိတော့ဘဲဖြူစုတ်သွားခဲ့သည်....

Jen:မောင်!!

မောင်သည်အေးစက်တောင့်တင်းနေသောမျက်နှာနှင့်ပထမဆုံးလုပ်လိုက်သောအလုပ်သည် jennie ရဲ့ခါးတွေကိုဆွဲဖက်ကာနခမ်းတွေမှာခိုနားနေတဲ့ ရှဥ့်ပေါက်ငယ်လေးဆီပြေးဝင်သွားပြီး Jennie ခါးတွေကိုဖက်ထားရမှဆွဲခွာကာ အခန်းနံရံဆီကိုပစ်ထုတ်လိုက်တယ်....

Jen:မောင်!!!!!

Chae သည်နံရံနဲ့ကျောပြင်နဲ့ကိုအရှိန်ပြင်းပြင်းရိုက်မိသွားပြီးတော်တောနဲ့ပြန်မထနိုင်....ငြီးငြူသံလေးတချက်သာကြားလိုက်ရသည်....

မောင်သည်စားပွဲပေါ်မှာအလှတင်ထားသောကြွေပန်းအိုးကိုယူကာ Chaeyoung ဆီပြေးပြီး Chaeyoung အကျီတွေကိုကြမ်းတမ်းစွာဆွဲမလျက် ခေါင်းကိုပန်းအိုးနဲ့ရွယ်ထားသည်....

အသေရိုက်သတ်ပစ်လိုက်မလို့...ဒေါသနဲ့မထိန်းချုပ်နိုင်တော့သောစိတ်မှာ မောင်အဆုံးထိရူးပြီးဒီနေရာကိုရောက်လာတာ....

မောင်ဘာတွေဖြစ်ခဲ့တာလည်းဆိုတာ မောင်သာသိတာမလို့ လွန်ခဲ့သောမိနစ်ပိုင်းလောက်ကမြေကြီးပေါ်လူးလိမ့်တဲ့အထိ သူ့ဘဝလေးသူ့ဆီပြန်မလာတော့တဲ့အတွက်ကြောင့် အော်ငိုခဲ့ရသောမောင့်အကြောင်းတွေကို နောက်မှသေချာရှင်းပြမည်....

ကြွေပန်းအိုးဖြင့်ရိုက်ချပစ်လိုက်ဖို့လက်တချက်လှုပ်အသွားတွင်...ဖျက်ခနဲခပ်စူးစူးစိုက်ကြည့်လာသောယောင်းရဲ့မျက်လုံးလှလှလေးတွေ....ရင်ဘတ်တခုလုံးဆူး
နင့်အောင့်မျက်သွားခဲ့ကာ လက်တွေတုန့်ခနဲ.....

အညိုရောင်ဖျော့တော့တော့နဲ့မျက်လုံးတွေသည် ဘယ်တန်ခိုးအရှိန်အဝါကြောင့်များ ဒီလောက်အခြေအနေထိရောက်တာတောင် နာကျင်ဖို့...သွေးတစက်ထွက်လာစေဖို့သူတားနိုင်နေရတာလည်း...

Last Tear (Season 2)Where stories live. Discover now