Ep.21 (part 2)

3.8K 266 33
                                    

Jen: မတိတ်ဘူးလားသွေးတွေက..

အိမ်ကြီးသည်တိတ်ဆိတ်ငြိမ်သက်သွားပင်မယ် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သောအခန်းထဲကနှစ်ယောက်ကတော့မငြိမ်မသက်....

Lisa နှခေါင်းကသွေးတွေဟာမရပ်မနားစီးကျနေပင်မယ့် ခေါင်းမာစွာ နှခေါင်းကိုအကျီတခုဖြင့်ဖိထားပြီးကုတင်ခြေရင်းမှာထိုင်နေသည်....

Jen:ငါမေးနေရင်ဖြေ!...

Lisa: မတိတ်လို့ဖိထားတာပေါ့...မမြင်ဘူးလား..

Jen: ငါ့ကိုပြ...အရမ်းများလား

လက်ကောက်ကကြိုးရာတွေ
တနေကုန်အေးခဲတော့မလိုဖြစ်ဏသောဒဏ်တွေ အကြောက်လွန်ခဲ့ရသောကြောက်စိတ်တွေကြောင့် သူ့ကိုထုရိုက်ကန်ကျောက်ပစ်ချင်တော့လည်း ဘယ်နေရာရိုက်လို့ရိုက်ရမှန်းလည်းမသိတော့..တကိုယ်လုံးမှာဒဏ်ရာဒဏ်ချက်တွေကြီးဘဲ..

ကန်ချင်တာတကန့်
အရွဲ့တိုက်ပြီး ငုတ်တုတ်ထိုင်ကာ သွေးလွန်ခံနေတာကျတော့လည်းမဖြစ်သေး မျက်မှာချင်းဆိုက်ထိုင်ချကာ ချော့မော့ပြီးအကျီဖယ်ကြည့်ရသည်...

Jen: တော်တော်ထိထားတာဘဲ...

ချက်ချင်းအကျီနဲ့ဖိကာမျက်နှာလွဲလိုက်တဲ့သူ..အချိုးမပြေခြင်းတွင်ပြိုင်ဘက်မရှိ....

Jen: သွေးထွက်လွန်ရင်...သေမှာ.
သေချင်လား..သေချင်ရင်သေ..မသေချင်ရင်တော့ဆေးရုံသွားကြမယ်...

Lisa ရေဒဏ်ရာကများတယ် ဆေးရုံသွားမှဖြစ်မယ်ထင်တယ်လို့ပြောရင်စိတ်ချမ်းသာသွားမှာစိုး၍ jennie Kim ၏စကားတည်ဆောက်ပုံသည် ဟင်းခနဲ ဟားခနဲ...

Lisa: မသွားဘူး...မင်းကိုလည်းနည်းနည်းလေးတောင်ကျေနပ်သေးတာမဟုတ်ဘူးနော်...

Jen: ဘာလည်း..ငါအဲ့ဒီ့အခန်းထဲ ဒီရာသီဥတုနဲ့..အေးခဲပြီးသေသွားမှနင်ကျေနပ်မှာလား....

သွေးတွေသည်ပြောရင်းဆိုရင်းထပ်စီးကျလာသည်...lalisa မျက်နှာသည်တဖြည်းဖြည်းဖြူဖျော့လာကာ မျက်လုံးတွေသည်သိပ်မစူးရဲနိုင်တော့...

Lisa:တောက်!!! မရပ်နိုင်တော့ဘူးသွေးက..ဒေါသတွေထွက်လိုက်တာ..ရေသွားဆေးချမယ်..ဖယ်ရှေ့က...

Last Tear (Season 2)Where stories live. Discover now