Ep.8

2.5K 238 33
                                    

မဂ်လာဆောင်ပြီးတဲ့ညကတည်းကပျောက်သွားခဲ့တဲ့သူဟာ အိမ်တော်ကို တညတလေတောင်ပြန်မလာခဲ့....

မိုးလင်းတိုင်း L အိမ်တော်ကြီးနဲ့ jennie ဟာ စိတ်ဝိညဥ်သက်သက်စီ..... ဘာဘဲဖြစ်ဖြစ် အိမ်ထောင်ရှိပြီးသားမိန်းကလေးတယောက်မလို့ အိမ်ထောင်ဘက်ကို ဘယ်ကိုဘဲ ရောက်နေရောက်နေ သူ့မှာစည်းတခု ဘောင်တခုခြားပြီးသွားပြီ.....

ဒါကိုသူမကောင်းကောင်းနားလည်ထားကာ Lalisa ဟာကောင်းကောင်းဆိုးဆိုးသူမရဲ့ တရားဝင် ဇနီး...

အတူတူနေနေ မနေနေ မဂ်လာဆောင်ပြီးကတည်းက မြင်ရရ မမြင်ရရ သတ်မှတ်ချက်တခုဆိုတာရှိသွားပြီမလို့ အိပ်ယာနိုးလာတိုင်း အိမ်များပြန်လာလောက်မလားလို့ အသံတချက်နားထောင်မိတယ်....

ပြန်လာစေချင်နေတာမျိုးမဟုတ်ပင်မယ့် လက်ထပ်ထားပြီဖြစ်တဲ့ ပုံသေနည်းအမှန်တရားကြောင့် သူတို့ဟာချစ်ချစ် မုန်းမုန်း တသက်လုံးအတူတူရှိနေရတော့မှာ....

ဒါပေမဲ့ Lalisa ဟာ အရိပ်တောင်မမြင်ခဲ့ရ.....

နေရောင်ဖြာကျလာသော ခန်းစီးလိုက်ကာကိုဖွင့်လိုက်ကာ အမွေးဖယောင်းတိုင်ကိုမီးညှိလိုက်သည်....

တပတ်ရှိပြီ....တပတ်ဆိုတော့နေသားတော့ကျလာပါပြီ အိမ်တော်ကြီးသည် ကျယ်လွန်းလှ၍ တခါတလေမျက်စိပါလည်တတ်တာမလို့ မနည်းမှတ်သားထားရတယ်....

အိမ်အကူတွေနဲ့ရင်းရင်းနှီးနှီးမနေချင်...ခေါင်ဆောင်တယောက်လောက်နဲ့ကိုသာ စကားပြောပြီး....နာမည်ပင်တယောက်မှမသိသော ဒီအိမ်တွင် ဖာသီဖာသာသူနေနေသည်.....

သူဘာကြောင့် Lisa ကိုလက်ထပ်ခဲ့သလည်း...တချို့လူတွေကသိနေမှာမလို့ အထင်မသေးရဲအောင် ကြိုတားထားမှတော်ရာကိုကျမည်....

ဥက္ကဋ္ဌ Manoban သည်လည်း သားဖြစ်သူကိုထိုးထည့်ကာ ဘယ်ကမ္ဘာဆီကိုလေလွင့်နေသလည်းမသိ...အဖေသည်လည်း သာကြောင်းမာကြောင်းတောင်ဖုန်းမဆက်ခဲ့....

မေမေ့ကိုတော့နေ့တိုင်းလိုလိုဖုန်းဆက်ကာ အထီးကျန်ဆန်လွန်းလှ၍ မနေချင်လွန်းသောအိမ်ကြီးထဲ ပျော်နေကြောင်း ဘယ်လောက်ခမ်းနားကြောင်း တခါတလေ lisa ကအနားမှာရှိနေသလိုလို စကားမရှိစကားရှာစိတ်ချမ်းသာအောင်ပြောပေးနေရသည်......

Last Tear (Season 2)Tempat cerita menjadi hidup. Temukan sekarang