Ep.30 (part 2)

4.3K 290 47
                                    

ကားပေါ်ကဆင်းလာကာအိမ်ထဲပြန်ဝင်လာပြီး အိမ်လည်ကောင်ရောက်တဲ့အခါ ငုတ်တုတ်ထိုင်ချပြီးမျက်နှာကိုလက်ဖြင့်အုပ်ချလိုက်သည်....ဘာတွေကိုစိတ်ဆင်းရဲပြီး ဘယ်ကနေဘယ်လိုစစိတ်ညစ်ရမယ်မှန်းကိုမသိတော့ဘူး...ခန္ဓာကိုယ်တခုလုံးသည်အလုပ်ကြမ်းမလုပ်ရပါဘဲနဲ့ခြေကုန်လက်ပန်းကျနေကာ လှေကားပေါ်ကိုပင်သေချာမတက်နိုင်တော့ကို အဖေကဧည့်ခန့်ကနေလှမ်းကြည့်နေသည်...အခန်းဆီခက်ခက်ခဲခဲသွားကာ ညအိပ်ဝတ်စုံကိုအမြန်လဲလျက် အိပ်လိုက်ရမှကိုဖြစ်လိမ့်မည်....

ပြင်းထန်လှသောအစွဲတခုတွင် ဇိတ်သိမ်းတဲ့အခါ ရင်ကွဲနာကျစွာ သူစွန့်လွှတ်ပေးခဲ့ရတာတော့မဟုတ်ပါဘူး...ငြင်းပါတယ်ဆိုရင်းကနေ နောက်ဆုံးအတူတူထွက်ပြေးကြတာကို မျက်မြင်ကိုယ်တွေ့တွေ့ခဲ့ရတော့ ထိုဘဝ၏ကျိန်စာတွေ ဆုတောင်းတွေ၏သက်ရောက်မူကြောင့် ဘယ်လောက်ခင်းပြပြ ရှင်းပြပြ မောင်ကနောက်ဆုံးမှာတော့ သူ့ဆီကနေထပ်ပြီးထွက်ပြေးသွားမှာဘဲဆိုတဲ့စိတ်အစွဲသည် jennie လေးကိုမထင်မှတ်ထားရလောက်အောင်ကိုလွမ်းမိုးလွန်းနေသည်....

ရှဥ့်ပေါက်ငယ်လေးက ဘယ်လောက်ဘဲ မေတ္တာတရာစတွေ ချစ်ခြင်းတရားတွေထည့်ကာစိုက်ကြည့်ကြည့် ငြိုးထားလွန်းသောအမျက်သည်သိပ်ကိုကြီးမားလွန်းတာကြောင့် အခုထိမမြင်နိုင်သေး...ရှဥ့်ပေါက်ငယ်လေး၏မျက်လုံးကိုမြင်လျင် ဓါးတန်းလန်းဖြင့် မျက်စိရှေ့တွင်သတ်သေခဲ့ပါသော အထွတ်အမြတ်လေး၏ပုံစံငယ်သည် ဆတ်ဆတ်ခါနေအောင်အခုချိန်ထိရင်ထဲကနာနေရတုန်း...နိဂုံး.....

စောင်ကိုတကိုယ်လုံးလုံအောင်ခြုံလိုက်ကာဝမ်းနည်းလာတာကြောင့်ငြိမ်ငြိမ်ကွေးကွေးလေးနေနေလိုက်သည်...

မျက်တောင်ရှည်တွေကလေ မောင့်ကြည်ဖြူမူတွေရဖို့ ဘဝတိုင်းလွယ်ကူနေခဲ့သော်လည်း jennie လေးတည်ဆောက်ခဲ့ရတာကျ စက်စက်ကျနေတဲ့နှလုံးသွေးတွေနဲ့ အသဲခိုက်နေအောင်နာခဲ့ရတဲ့ရိုက်ချက်တွေနဲ့...ကျိန်စာတွေနဲ့..။

Chaeyoung ပြောခဲ့တဲ့စကားတွေကိုပြန်ကြားယောင်ပြီးတော့လည်းတုန်လှုပ်လာခဲ့မိသည်....ဟုတ်လား မဟုတ်လား ပူထူနေတာကြောင့်မစဥ်းစားနိုင်သေးပင်မယ့် တကယ်လို့ တကယ်လို့သာညစ်ပတ်ပြီးပြောပြလိုက်ရင် ဘာတွေဖြစ်ကုန်မှာလည်း ဘာတွေဖြစ်လာမှာလည်း....ParkChaeyoung မျက်လုံးတွေကပေါ့ပျက်တယ်လို့အပေါ်ယံတွေးထင်ရပင်မယ့် မပေါ့ဆတတ်ကြောင်း jennie အသေအချာသိနေသည်....

Last Tear (Season 2)Tahanan ng mga kuwento. Tumuklas ngayon