Ep.29 (part 2)

4.3K 297 50
                                    

တချို့ တချိူ့တွေရဲ့သူငယ်ချင်းအကန့်တွေကဆန်းတော့ဆန်းကြယ်သား...ဟန်းချိန်းတောင်အိပ်ကပ်ထဲပါလာရတဲ့အထိ....

ဒီမိန်းကလေးကိုမယုံကြည်ဘူးဆိုတာက ကိုယ့်အမှားတော့မဟုတ်ဘူးလေ...နှစ်ယောက်အတူတူအရက်သောက်....အိမ်ပြန်လိုက်ပို့..ဇာတ်လမ်းဇာတ်အိမ်တွေထဲကလို နခမ်းနီရာတွေပါလာတာတော့မဟုတ်ပင်မယ့် PCY ဆိုတဲ့ဟန်းချိန်းလှလှလေးကပါလာတယ်....

Lalisa ဆိုတာကအဲ့လိုလူမျိုးဘဲလေ...အချစ်တွေနဲ့ထပ်ဘောင်ခတ်လိုက်လို့ နေ့ချင်းညချင်း လိမ္မာရိုကျိုးသွားမယ့်လူမျိုးမဟုတ်ဘူးဆိုတာကိုသူတွေးထားပြီးသား...

နှစ်ရှည်လများရိုးစွဲနေတဲ့ပုံစံကို jennie နဲ့တွေ့မှ တမျိုးတဖုံပြောင်းလိုက်ရတယ် လိမ္မာသွားရတယ် အမြင်မှန်ရသွားတယ်ဆိုတာမျိုးက ဘယ်သဘာဝကျပါ့မလည်း....

မောင်ဆိုတာဘယ်လိုဖြစ်တည်မူမျိုးမလို့လည်း...ကဋေပဋာဆိုးလေ...

ပြောခဲ့ပင်မယ့် ပြောစကားကိုနားမထောင်လာတဲ့အခါ JennieKim ကထပ်ခါထပ်ခါပြောပြီး ခံစားနေ
မယ့်လူမျိုးမဟုတ်နေဘူး....

ခန္ဓာကိုယ်တခုမှာသုံးဆွဲနေကျပစ္စည်းတခုက လွန်လွန်ကြူးကြူးပါလာခဲ့တယ်ဆိုကတည်းက အဖြေကရှင်းနေပြီးပြီ....မရှင်းမရှင်းအ
ကန့်တွေကို Lalisa ဘက်ကဖြတ်လို့မရရင် ParkChaeyoung နဲ့ထိပ်တိုက်တွေ့ပြီးအပြီးဖြတ်ရလိမ့်မယ်....

မကြိုက်ဘူး...စတွေတုန်းကတည်းကမကြိုက်ရလွန်းတဲ့ ဆံပင်အခဲရောင်တွေ....မြင်လိုက်ရတိုင်းရင်ထဲသိပ်မွန်းကျပ်လွန်းရတဲ့ ခပ်စူစူးမျက်အိမ်တွေ....အခုတွေးမိ အခုချက်ချင်းသွေးပွက်သည်...အရင်ကမပိုင်ရသေးလို့ မစွမ်းသာပင်မယ့်အခုကတော့ပိုင်နေပြီလေ....ကြိုက်သလိုဆေးခြယ်ခွင့်ရသွားပြီ...

နင်နဲ့ငါတွေ့ကိုတွေ့သင့်နေပြီ ParkChaeyoung......

ဟန်းချိန်းကိုလက်ထဲကျစ်ကျစ်ပါအောက်ဆုပ်ကိုင်ထားရင်းသိမ်းဆည်းထားလိုက်သည်....

ဒေါသကတော့သေလောက်အောင်ထွက်နေပါသည်...သူကတော့ဒီလောက်အထိသာသာယာယာရိီနေခဲ့ပြီး...အိမ်ပြန်ရောက်လာတဲ့အခါကျတော့ တကယ်ချစ်ပါတယ်​နော်တဲ့လေ...မျက်မှာ​ပြောင်တိုက်ခြင်းကိုတကယ် package နဲ့အထူးကျွမ်းကျင်တဲ့သူ....

Last Tear (Season 2)Tempat cerita menjadi hidup. Temukan sekarang