Ep.31 (part 1)

4.2K 278 99
                                    

နွေဦးမှာအရက်ကလေးမူးပြီး...
ဖက်အိပ်ချင်ပါရဲ့...
မောင့်အချစ်ငယ်....

ပွေပွေလီလီ မောင့်နှလုံးသား..
​ခြေဖဝါးရဲရဲလေးတွေလာထိခတ်ကတည်းက..
အကြင်နာရယ် အဆုံးမရှိ....

မောင်ချစ်တာတွေများလေ..မင်းအပေါ်အလျှံအပယ်...
အဆုံးအစမဲ့ပါဘဲ မောင့်အချစ်ငယ်လေးရယ်....

မင်းက...မီးတောင်လေး
မောင့်ရဲ့မီးတောင်ငယ်ကလေး..
သိပ်ပူ သိပ်ဆင်ခြင်သင့်လည်း
မောင်ကချော်ရည်ပူတွေထဲ ထာဝရလက်ပစ်ကူးပစ်မယ့်သူ....

သိပ်အကျဥ်းတန်ဖို့ကောင်းတဲ့ကျိန်စာတွေကို ဆုတောင်းလှလှလေးနဲ့သေသေသပ်သပ် ရှင်းပစ်နိုင်တဲ့သူ...
မင်းက..ထက်ထက်မြက်မြက်...

လောကကမ္ဘာဝယ်..မောင်အချစ်ရဆုံးသောမောင့်အချစ်ငယ်.....ရေ
နောင်နှစ်ပေါင် ရာချီထောင်ချီ ဖွဖွရွရွလေး နေ့တိုင်းနမ်းပွေ့ခွင့်ရပါစေကွာ....

2022 ရဲ့မောင့်ကျိန်စာအသစ်လေးပါအချစ်ရေ...
ကြားများကြားရင်...မျက်စောင်းလီလှလေးနဲ့တဘဝလုံးသိမ်းပိုက်ချင်လာအောင် မင်းကပြုစားအုန်းမယ်....

မာယာတသိန်းကမောင်မဟုတ်ဘူး..
ကဝေဆန်တာ မှော်ဆန်တာမောင်လုံးဝမဟုတ်ကြောင်း လက်ခံရတဲ့အချိန်မှာ Jennie Manoban လေးရေမောင်တော့လေ ထမင်းလွတ်ဟင်းလွတ်ဘဲ....

ရူးပစ်ဖို့ကောင်းလွန်းတဲ့ကဗျာ...
လှလွန်းတဲ့ကဗျာ...
ခေါင်းအစခြေအဆုံး တန်ဖိုးအနဂ္ဂထိုက်တန်လွန်းတဲ့ကဗျာ..
ဆံပင်လေးတချောင်းကအစလွင့်ထွက်ခဲ့ရတဲ့ကဗျာ..
ကြွေရုပ်လေးလိုကဗျာ..
Jennie Manoban လေးကခေါင်းအစခြေအဆုံးအလွန်အကြူးကိုလှတာ....
အထိန်းအကွပ်မရှိအောင်ကိုဆွဲဆောင်နိုင်တယ်...မင်းကသိပ်အန္တရယ်များတာဘဲ မောင့်အချစ်ငယ်လေးရယ်....

ရူးသွားရပါသောအမှတ်တရကဗျာကို ကံကြမ္မာဖန်တီးသူကိုခဏအငှားလွတ်ပြီးရေခိုင်းခဲ့ရပင်မယ့်...သူဘယ်လိုကြိုးစားရေးလည်း မောင်လုံးဝသဘောမကျလို့..ပြဿနာရှာခဲ့ပြီးပါပြီ....

ဘယ်လို ဘယ်လိုလက်မျိုး ဘယ်လိုဦးနှောက်မျိုး ဘယ်လိုအတွေးအခေါ်မျိုးတွေနဲ့မှာ Lalisa က JennieKim အပေါ်ထားတဲ့အကွေ့အဝိုက်အနိမ့်အမြင့်မေတ္တာထုထည်ကို လိုက်မှီအောင်မဖွဲ့ပြတတ်ကြဘူး...မလုံလောက်ဘူးလို့ဘဲလို့မောင်ကတော့သူ့ကိုပလစ်ခဲ့ပြီ....

Last Tear (Season 2)Where stories live. Discover now