Ep.13

2.9K 235 27
                                    

တောက်!!!!!

မက်ခဲ့ပြန်ပြီ ဒီအိပ်မက်ဆိုးတွေ...ဆိုးရွားလွန်းစွာသောအိပ်မက်သည် မနက်ခင်းမိုးလင်းချိန်အထိတောင် အရှိတ်အဟုန်မြင့်တက်နေဆဲ....အိပ်မက်ထဲတွင် ဘုရင်မကပါးရိုက်လိုကသည်တဲ့.... lisa သည်တကယ်ကိုအရိုက်ခံလိုက်ရသလိုလန့်နိုးလာကာ သူများတွေရဲ့မနက်စောစောမဂ်လာအချိန်တွင် lisa ကတော့ တောက်တချက်ဖြင့်စတင်ခဲ့သည်...

လက်ရှိဘဝတွင်အခြေအနေဆိုးနေပါတယ်ဆိုမှ အိပ်မက်ကမ္ဘာသည်လည်း တခါမှမကောင်းနေခဲ့ပါ.....ခုရက်ပိုင်းတွေမှာအိပ်မက်တွေမက်တာကျဲသွားတာမလို့ အိပ်ရေးဝတုန်းရှိသေးတယ်...ပြန်စလာပြန်သော သွေးသံရဲရဲတွေ...ကြောက်မက်ဖွယ်ရာမျက်လုံးတွေ မကြည်မလင် မနက်ခင်းကြောင့်ပြန်အိပ်မနေတော့ဘဲ ဖုန်းကိုယူကြည့်လိုက်တော့ ဖဲဝိုင်းရှိသောနေရာ ပြိုင်ပွဲရှိသောနေရာတွေကိုပို့ပေးထားတာ တန်းကိုစီလို့.....

Lisa: ဒီနေ့တော့...အပြင်သွားရမယ်...

ဒယ်ဒီ့ကိုပြဿနာရှာငိုပြီးတဲ့ညကတည်းကအခန်းအောင်းနေခဲ့တာ....

ငိုတာက...ဒေါသနဲ့ငိုတာဖြစ်ပင်
မယ့်လည်းဒီတခေါက်တော့ အသုံးမကျစွာမလောက်လေးမလောက်စားရင်ခွင်သေးသေးလေးထဲအရူးလိုအော်ငိုခဲ့မိတာမလို့ ငိုပြီးမှရှက်နေသလလိုလို...

တအိမ်လုံးကသူ့ကိုပျော့တိပျော့ဖက်လူတယောက်လို့ဘဲထင်နေကြမလား.....jennie kim ကိုယ်တိုင်ကကြောက်စရာလည်းမရှိပါလားဟုတွေးနေမလားဆိုတဲ့ထင်မြင်ချက်တွေနဲ့...ခဏတဖြုတ်ငြိမ်နေမိတယ်...

မေမေကအမြဲမှာတယ်....
လူတွေရှေ့မှာ ကိုယ့်ရဲ့ငိုကြွေးမူတွေ...ကိုယ့်အားနည်းချက်တွေ...ကိုယ့်နာကျငိမူတွေကိုမပြဖို့....ငိုချင်ရင်တောင် အခန်းတံခါးပိတ်ငိုပြီး ပြန်ထွက်လာရင် မာကျောတဲ့လူတယောက်အဖြစ် အသက်ရှင်ရမယ်လို့....
ကိုယ့်စိတ်ကိုယ်မထိန်းချုပ်နိုင်ဘဲ အရူးလိုအော်ငိုခဲ့မူတွေကို မေမေသာတွေ့ရင် ပါးဘယ်နှစ်ချက်လောက်ဆင့်ရိုက်ပြီး ဆူမလည်းမသိ.....

"ကိုရယ်....ဘယ်တွေပျောက်နေတာလည်း..စာလည်းမလာ...သတင်းလည်းမကြားနဲ့"

Last Tear (Season 2)Место, где живут истории. Откройте их для себя