Ep.2

2.8K 237 21
                                    

"ရှုံးရင်စိတ်ကြိုက်ထိုးကြေးကွာ...ထိုးလိုက်သလောက်ထိုး"

"ဟား...ဟား.......မင်းကသိပ်လေကြီးတာဘဲ...အေး...မင်းလောင်းကြေးကိုငါကြိုက်တယ်  ငါကသန်းချီပြီးလောင်းရမှာလားလို့ကွာ"

" ငွေကဘာလုပ်ရမှာလည်း...အရသာမရှိဘူး...မင်းလိုကောင်ကို မျက်ခွက်စုတ်ပျက်သပ်သွားအောင်ထိုးရမှ ကြေးကမိုက်မှာ..."

Club တခုတွင်ငြိလာသော ရန်စသည်မပြေလည်နိုင်ဘဲ ပြိုင်ကားကိုယ်စီနဲ့လမ်းမပေါ်တွင်လောင်းကြေးချနေကြသည်....တဖက်က အကောင်ကြီးကြီးမလို့ Bam Bam ကိုသွေးတိုးစမ်းချင်သည့်သဘောပင်....

"အေး..ငါလည်းမင်းကိုထိုးရင် live လွင့်ပြီးကိုထိုးမှာ...မင်းရဲ့အပေါင်းအပါတွေပါ သင်ခန်းစာယူရအောင်လို့..."

Bam Bam!!!

"Lice"

ပြိုင်ကား အနက်ရောင်ပေါ်ကဆင်းလာသော Lice ဆီသို့ မြန်ဆန်သောခြေလှမ်းတွေနဲ့ Bam Bam ပြေးသွားခဲ့တယ်....

Lisa: မင်းဘာဇယားတွေရှုပ်နေပြန်တာလည်း Bam...တမနက်ခင်းလုံးပျောက်နေတာကကော ဘယ်တွေသွားနေတာလည်း...ငါ
နင့်အဖေ hotel မှာစောင့်ရင်း ဒုက္ခတွေကိုရောက်လို့

"အေးပါကွာ...ပြီးရင်အဝတိုက်ပါ့မယ်.."

Lisa:*ီး ကိုဝယ်တိုက်မယ်...ငါ့မှာပိုက်ဆံမရှိဘူးလို့များထင်နေတာလား....ငါ့ဖဲကြွေးဆွေအရင်ဆပ်ဦး..ငါ့ကိုဝယ်မတိုက်ခင်

"ဟာ..lice ကလည်း ဖဲကြွေးကိစ္စကခဏမေ့ထားစမ်းပါ...ငါတို့ကငယ်သူငယ်ချင်းတွေဘဲ"

Lisa:အခုကဘာလုပ်နေတာလည်း..

"Club ကကောင်တကောင်စောက်ရမ်းကြွပြီး သွေးတိုးစမ်းနေလို့..မှတ်လောက်အောင်ဆုံးမပေးမလို့ကွ "

Lisa: ဟုတ်ပြီလေ...ငါစောင့်နေမယ်...

"နိုင်မှာလား...ရှုံးမှာလား Lice"

Lisa: ငါကအနိုင်ကိုဘဲကြိုက်တာမင်းသိမှာပါ...bam bam

"Ok လေ ငါဒီပွဲနိုင်ကိုနိုင်မှာ.."

အရှိန်ပြင်းစွာထွက်သွားသော ပြိုင်ကားနှစ်စီးကို အပေါင်းအပါတသိုက်ဖြင့် ကားပေါ်ထိုင် စီးကရက်လေးဖွာရင်းထိုင်စောင့်နေရာမှ..
ခပ်ပြင်းပြင်း သက်ပြင်းတွေချလိုက်ပြီး အတိတ်ဘဝရဲ့ အတွေးတချို့ထဲသို့စီးမျောသွားခဲ့တယ်။....

Last Tear (Season 2)Where stories live. Discover now