Ep.25 (part 1)

3.8K 284 44
                                    

Jen: အိမ်တော်ထိန်းကြီး

"ဟုတ်ကဲ့..မမလေး ဘာများလိုအပ်သေးလို့လည်း"

မနက်စာစားပွဲတွင် ထိုင်ကာ ကော်ဖီခွက်ကိုစိတ်မပါလက်မပါမွှေနေသောမမလေးသည် တစုံတခုကိုမေးမြန်ချင်နေသည့်ပုံ....မေးရမှာလည်းခက်နေသလို...စားပွဲပေါ်က
မုန့်တွေကိုလည်းတခုမှမစားသေး...

Jen: သူ...ညကအိမ်ပြန်မလာဘူးလား

"ဟုတ်တယ်မမလေး...ကားမတွေ့ဘူး...ပြန်မလာတဲ့ပုံဘဲ..."

Jen:Aww

ထူးဆန်းတယ်ရယ်လည်းမဟုတ် ညကဘေးနားတွင်ရှိမနေ....ဒါဆို သူ့အခန်းမှာများအရက်မူးပြီးသပ်သပ်သွားအိပ်နေတယ်လို့ဘဲတွေးပြီးနေနေလိုက်ျာ...အိမ်ကိုပြန်မလာဘူးတဲ့...အရင်ကစိတ်မဝင်စား လုံးဝဂရုမစိုက်ခဲ့ပင်မယ့် လက်ရှိမှာတော့ သူတမျိုးလေးခံစားနေရသည်....

"Bam Bam အိမ်မှာရှိနေနိုင်ပါတယ်...အရင်ကလည်းဒီလိုနောက်ကျရင် Bam Bam အိမ်မှာအိပ်နေကျပါ..အရမ်းစိတ်မပူပါနဲ့ မမလေး"

Jen:Lalisa အိမ်ပြန်အိပ်တာမအိပ်တာ ဘာများစိတ်ပူစရာရှိလို့လည်းအိမ်တော်ထိန်းကြီး

စူးကနဲရောက်လာတဲ့မျက်လုံးလှလှလေးတွေ...စိတ်သာမပူတာ မျက်လုံးတွေကတော့ ဓားသွားလိုပြတ်ပြတ်သားသား....

"တမျိုးမြင်မိစေရင်တောင်းပန်ပါတယ်....မမလေးတို့အခုသလောအဆင်ပြေပြေရှိနေကြလို့ပါ"

Jen:မပြေပါဘူး..မျက်လုံးထဲမြင်တာတွေကိုတသတ်မတ်ထဲမြင်မနေနဲ့ အလုပ်သွားတော့မယ် driver ပြင်ထားလိုက်တော့....

လုံးဝချောမွေ့သာယာသွားပြီမဟုတိတဲ့ Relationship တခုမှာ အိမ်ပြန်မအိပ်တာလောက်ကတော့သိပ်ပြီးခေါင်းထဲထည့်ထားစရာမလိုပါ...
Lalisa ကဘယ်သူမလို့လည်း...ခေါင်းထဲကထုတ်လိုက်ကာ ကားပေါ်တွင် လက်စမသတ်ရသေးသောအလုပ်တွေကိုဆက်လုပ်နေမိသည်.....

ဦးနှောက်ရဲ့အမှောင်ခြမ်းလေးမှာတော့ ParkChaeyoung နဲ့တွေ့နေတာများလား....Bam Bam အိမ်မှာဘာလို့သွားအိပ်ရတာလည်း..အရမ်းမူးနေလည်းအိမ်ထောင်သည်ဘဲ အိမ်ပြန်လာအိပ်ရမှာပေါ့....ပြောသွားတုန်းက
ဖြင့်.....

Last Tear (Season 2)Dove le storie prendono vita. Scoprilo ora