တစ်နေ့လုံး ဖြတ်သန်းပြီးသမျှ ချင်းဇဲနှင့်သူမ ထိပ်တိုက်တောင် မတွေ့ခဲ့ပေ။
ရိုက်ကူးရေး သမားများက မန့်ချူးနှင့် လင်ရှီအတွက်တစ်ခန်း စီစဉ်ပေးထားသော်လည်း လင်ရှီ၏ ကိုယ်စားလှယ်က သူမအခန်းထဲ မဝင်မှီ ဖြတ်တားလိုက်သည်။ သူ၏ မင်းသမီး ကောင်းစွာ အိပ်မပျော်မှာ စိုးသည့် အကြောင်းပြချက်ဖြင့် မန့်ချူးအား ငြင်းဆန်ခဲ့သည်။ ကောင်းစွာဖောက်ထွင်းမြင်နိုင်တဲ့သူပဲ ဘာတွေဖြစ်နေလည်းဆိုတာ နားလည်မယ်။
လင်ရှီ သည်မန့်ချူးထက် အသက်အနည်းငယ်ပိုကြီးသော်လည်း သူမ၏ သရုပ်ဆောင်နေရာက လုံခြုံဖို့လိုသေးသည်။ ဒီ အပြုအမူက မန့်ချူးကို ပါးဖျတ်ရိုက်လိုက်သလိုပင်။
ဒီလူတွေ သူမကို အထင်သေးနေတာလား ?
ကိုယ်စားလှယ်သည် မန့်ချူး၏ မျက်နှာပေါ်တွင်ရှက်ရွှံ့မှု တစ်စုံတစ်ရာမှ ရှာမတွေ့သောကြောင့် ကြောင်အနေသည်။ သူမကို ခက်ခဲအောင်လုပ်လည်း မန့်ချူးက ဂရုစိုက်မှာမဟုတ်ဘူး။ မန့်ချူးသည် ပြုံးကာ
"အဆင်ပြေပါတယ်။ အရင်အနားယူလိုက်ပါ။ ကျွန်မဒါရိုက်တာကို ပြောပြီး အခန်းပြန်စီစဉ်လိုက်ပါ့မယ်"
ယခုအိမ်တွင် အခန်းအများကြီး ရှိပေမယ့် ရိုက်ကူးရေးအဖွဲ့သားများက ကျန်ရှိသည့် အခန်းများတွင် နေရာယူကြသည်။ ဒါရိုက်တာက အများကြီးမစဉ်းစားပဲ အခြားသူအား လှည့်မေးခဲ့သည်။
"အခြားအခန်းတွေ ရှိသေးလား ?"
အမျိုးသမီး အချို့က ကြောင်အမ်းပြီး မသက်ာဖြစ်စွာ သူမအား လှည့်ကြည့်ကြသည်။
ဖန်ရှန်က အရင်ဦးဆုံး"ရှောင်မန့် ဒီကိုလာ"
နောက်မနက်စောစောတွင် အဖွဲ့သားများက ထွက်ခွာရန်အဆင့်သင့်ဖြစ်နေကြလေသည်။ သို့သော် ရာသီဥတုက မကောင်းဖြစ်ကာ ရုတ်တရက် မိုးရွာချလေတော့သည်။
တောင်တက်လမ်းများသည် မြို့က လမ်းနှင့်မတူညီသောကြောင့် လံု ခြုံသည့် အချိန်ရောက်မှ ထွက်ခွာရန် စီစဉ်ကြသည်။ သူတို့ တောင်မှ ထွက်လာပြီးယွမ်ချွမ်းးမြို့သို့ပြန်လည် ရောက်ရှိချိန်တွင် ကောင်းကင်က လုံးဝမည်းမှောင်နေပီး ဖြစ်သည်။
DU LIEST GERADE
✅✅Complete ✅ ✅ The ML always want to kill me 19+ (Mm Translation) Zawgyi+Unicode
RomantikThis is my first translation. It is not my own.