Chapter 34 - Appointment

4.6K 120 0
                                    

မန့်ချူးသည် မျက်ခွံများလှုပ်ရှားသွားကာ သူ့အားပြောခဲ့သည်။

"ကျောင်းကိုပြန်မို့လေ"

ချန်ရှုအန်းသည် သူမအား အတန်ငယ် စိုက်ကြည့်ကာ ထမင်းစားခန်းထဲသို့ လျှောက်သွားခဲ့သည်။

"အရင်ဆုံးစားလိုက်ဦး။
ပြီးရင် ပြန်ပို့ပေးမယ်။
"

မန့်ချူးသည် ကြောင်ရပ်နေကာလုံးဝမလှုပ်ရှားပေ။
သူကျွေးတာကို သူမ ဘယ်လို စားရဲမှာလဲ ?

သို့သော် သူသည် ခေါင်းေနာက်မှာ မျက်စိ ပါနေသလိုပင် လှည့်မကြည့်ပဲ ပြောလာခဲ့သည်။
"လာခဲ့"
သူမသည် စားပွဲနားတွင် အချိန်ဆွဲနေသည်။
ချန်ရှုအန်း သူမ၏ ဆန့်ကျင်ဘက်တွင်ထိုင်လိုက်မှ သူမလည်း တောင့်တောင့်ကြီး ထိုင်လိုက်တော့သည်။

ထို့နောက်သူသည် မျက်မှောင်ကြုတ်လိုက်ကာ  "ကျွန်တော် အရွယ်ရောက်နေပြီး"။ "ဦးလေး နားလည်မှု လွဲတာ" စသည့်ဖြင့် တစ်ခါတစ်ရံပင် စကားပြန်ပြောကာ ဖုန်းပြန်ဖြေခဲ့သည်။

သို့သော် မန့်ချူး၏ မျက်လုံးသည်ကာ သူ၏ လည်ပင်း အဟနားတွင်ရှိနေလေသည်။ ယောကျာ်းတစ်ယောက်၏ညှပ်ရိုးက အရမ်းဆွဲဆောင်မှုရှိမှန်း သူမမသိခဲ့ဘူး။

မန့်ချူး ခုနက သူတို့နှစ်ဦး လိင်ဆက်ဆံတဲ့ အချိန်ကို သတိရမိသွားတယ်။ စိုစွတ်နေသော ချွေးများသည် ထိုနေရာမှ ကျလာပြီး သူ၏ သန်မာသော ခန္ဓာကိုယ်အားရှင်းရှင်းလင်းလင်းပြန်လည်မြင်ယောင်လာသည်။
သူမ ထိုအကြောင်းအားတွေးကာ မွှန်ထူသွားခဲ့ပြီး တံတွေးတောင် ခိုးပြီး မျိုချလိုက်သည်။

သို့သော် ချန်ရှုအန်း ဖုန်းပြောလို့ပြီးသွားသည်ကို သူမ မသိလိုက်။ သူမစိတ်ဝင်စားနေသော အရာအားကြည့်ပြီး မျက်နှာပေါ်တွင် ပြုံးတုံ့တုံ့ဖြစ်နေမှုအား ဖုံးကွယ်ထားကာ

"ကြည့်လို့ကောင်းလား ?"

မန့်ချူးသည် မြန်မြန်သတိပြန်သွင်းလိုက်ကာ ရှက်ရှက်နှင့် ခေါင်းငုံ့ကာ ဇွန်းကောက်ကိုင်လိုက်သလိုဟန်‌ေဆာင်လိုက်သည်။ ထို့နောက် သူမရှေ့မှ အစားအား အနည်းငယ် စားလိုက်လေသည်။

✅✅Complete ✅ ✅ The ML always want to kill me 19+ (Mm Translation) Zawgyi+UnicodeHikayelerin yaşadığı yer. Şimdi keşfedin