Chapter 58 - Note

3.7K 98 0
                                    

မနက်ပိုင်း သချာ်စာမေးပွဲသည် သင်ကြားရေးအဆောင် တတိယ ထပ်ရှိ စာသင်ခန်းအသေးတွင် ဖြေဆိုရမည်ဖြစ်သည်။ မန့်ချူးသည် အဝေးမှ ရှောင်ချင်းအား အနည်းငယ်ရှုပ်ထွေးစွာဖြင့် လှမ်းကြည့်လိုက်သည်။

‌ခုံနံပါတ်အရ ထိုင်ရသောကြောင့် ရှောင်ချင်း သူမနှင့် လေး ငါး ခုံလောက် ဝေးနေသည်။ မူလအစီအစဉ်က ရှောင်ချင်းဆီမှ အကူအညီ ယူဖို့ ဖြစ်သည်။

မန့်ချူးသည် သူမရှေ့ရှိ အတန်းတူကောင်လေးအား စာပြောပြရန်မေးခဲ့သည်။ ထိုသူသည် စဉ်းစားခြင်းမရှိပဲ သဘောတူခဲ့သည်။ ယောင်္ကျားလေးတွေက အမှတ်ကောင်းတယ်လေ။ မန့်ချူး အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။ သူမ စာမေးပွဲ ကျလျှင်လည်း ကိစ္စမရှိပေမယ့် zero တော့ မရချင်ပေ။

စာသင်ခန်းထဲသို့ တစ်စုံတစ်ဦး မဝင်လာခင် မျက်လုံးအစုံပေါင်း နှစ်ဆယ်ကျော်လောက်က မန့်ချူး ခန္ဓာကိုယ်အား ကြည့်နေကြသည်။

မန့်ချူးလုံးဝ ကြောင်အသွားတယ်။ ဘယ်သူမှ လည်း ချန်ရှုအန်း ဝင်လာမယ်လို့ မထင်မိချေ။ ချန်ရှုအန်းသည် ဝတ်နေကျ lab coat အားမဝတ်ထားပဲ အားကစားဘောင်းဘီနှင့် ဖိနပ်အား ဝတ်ဆင်ကာ ကုတ်အရှည် အားအပေါ်မှ ထပ်ထားခဲ့သည်။ ကျောင်းခန်းထဲက လေထုက အနည်းငယ် အေးခဲသွားသလိုပင်။

ချန်ရှုအန်းသည် စင်မြင့်ပေါ်သို့ တက်လာခဲ့ပြီး စားပွဲပေါ်တွင် မေးခွန်းစာရွက်များအား ထားကာ စာသင်ခန်းအား ဝေ့ဝဲကြည့်လိုက်သည်။ ထို့နောက် မထူးခြားနားသော အသံဖြင့်

"ဖုန်း တွေ သိမ်းလိုက် ။
စာအုပ်တွေပါ သိမ်း"

ထိုအချိန်မှာ သချာ်စာအုပ်က မသုံးမဝင်ပေ။ သူမ အဲ့စာအုပ်ကို မိတ္တူကူးထားချင်ရင်တောင်မှ အသုံးချစရာ နေရာ မရှိပေ။

သူ၏ဒီနေ့ဝတ်ဆင်ထားခဲ့တဲ့ အကျီ အကြောင်းရော အင်တာနက်ပေါ်က နားလည်မှု‌လွဲ‌ေနတဲ့ ကောလဟာလ အကြောင်းများအား မန့်ချူး တစ်ခုမှ မသိချေ။ တစ်ချို့ကျောင်းသားများက ချန်ရှုအန်းအား ရိုင်းပြစွာဖြင့်

"ပရော်ဖက်ဆာ ချန် မန့်ချူးကို ကူညီပေးဖို့‌ေရာက်လာတာလား ?"

✅✅Complete ✅ ✅ The ML always want to kill me 19+ (Mm Translation) Zawgyi+UnicodeWhere stories live. Discover now