Chapter 59 - Cheating

4.2K 104 0
                                    

သို့သော်လည်း ပရော်ဖက်ဆာချန် ဒီလိုပြုမူမယ်ဆိုတာ မန့်ချူးတောင် မမျှော်လင့်ထားခဲ့ဘူး။

မန့်ချူးတောင် ဘာတွေဖြစ်လိုက်မှန်း သူမကိုယ်သူမ မသိလိုက်ဘူး။ အသက်တူ အတန်းတူ ကောင်လေးများက သူမဆိုရင် အရေးပေးကြ‌တယ်လေ။ သို့သော်လည်း သူမ ဖမ်းမိသွားတဲ့အခါ ကောင်လေးတွေရဲ့ နှလုံးသားထဲက နေရာကို ဆန်းစစ်ဖို့ သူမ Weibo ဖွင့်ကြည့်ဖို့ လိုအပ်နေခဲ့သည်။

ပရော်ဖက်ဆာချန်က သူမအတွက် postတစ်ခု တင်လိုက်ကတည်းက ကျောင်းမှာရှိတဲ့ ယောင်္ကျားလေးအားလုံးနီးပါး သူမနဲ့ အကွာအဝေးတစ်ခုနေကြလေသည်။

မန့်ချူးအတွက်တော့ နှစ်နာရီစာမေးပွဲက ပထမပိုင်းထက် ဒုတိယပိုင်းက သိသိသာသာ ပို၍ခက်ခဲလာလေသည်။

မန့်ချူးစည် multiple choiceမေးခွန်းဆယ်ခုကို ဖြေဆိုရန် အချိန် သုံးမိနစ်သာယူလေသည်။ သူမသည် နံရံနှင့်လျှောက်လမ်းကြား တတိယတန်းတွင် ထိုင်ရသောကြောင့် စင်မြင့်လမ်းထက် တိုလေသည်။ ချန်ရှုအန်းသည် သူမ၏ ‌တုန်လှုပ်နေသော အမူအရာကိုမြင်လိုက်သောကြောင့် မျက်ခုံးအနည်းငယ်လှုပ်သွားခဲ့သည်။ သူမမျက်နှာက ဖြူဖျော့နေပြီး ပင်ပန်းနေပုံပေါ်တယ်။

ဘယ်သူမှ ပရော်ဖက်ဆာ ချန်ကို ကြည့်ဖို့ သတ္တိမရှိကြဘူး။ မဟုတ်ရင် သူတို့ ချန်ရှုအန်း၏ တောင့်တင်းနေသော အမူအရာကို တွေ့ရလိမ့်မယ်။ ချန်ရှုအန်း အနည်းငယ် ဝမ်းနည်းလာတယ်။ သူ၏အမူအရာက မထူးခြားနားသော်လည်းသူ၏နှလုံးခုန်သံက ပိုပိုပြီး မြန်လာခဲ့သည်။ 

ချန်ရှုအန်းသည် စာဖြေလွှာပေါ်လွှင့်ပစ်ထားတဲ့ မန့်ချူး၏ မှတ်စုလေးကို မျက်မှောင်ကြုတ်ကာ စက္ကန့်အနည်းငယ် ကြည့်လိုက်သည်။ ဆယ်မိနစ်ကြာသည့်အခါ စင်အောက်သို့ လျှောက်သွားခဲ့ပြီး စာသင်ခန်း၏ အရှေ့ အနောက်သို့ လျှောက်နေခဲ့သည်။ အနုပညာဌာန၏ သချာ်မေးခွန်းသည် အထက်တန်းကျောင်းက မေးခွန်းသကဲ့သို့  ရိုးရှင်းလေသည်။ ဒါ‌ေပမယ့် သူတို့အားလုံးကတော့ နားလည်ပုံမပေါ်ပဲ ခက်ခဲနေတုန်းပင်။

အများစုက နောက်ဆုံးမေးခွန်း၏အရှေ့တစ်ခုအား မှန်ကန်စွာ မဖြေနိုင်ကြပေ။ မန့်ချူးသည် သူမ၏အနီး၌ ရင်းနှီးနေ ရနံ့တစ်ခု ရလိုက်သည်ကို သတိပြုမိခဲ့ပြီး ခဏလောက် ကြောင်အသွားခဲ့သည်။ သူမ သတိပြန်ဝင်လာသည့်အခါ အဖြေလွှာပေါ်တွင် လက်ရေးဖြင့်ရေးထား‌သော ‌လေးထောင့်ပုံခေါက်ထားသည့် စာရွက်များတွေ့လိုက်ရလေသည်။

Zawgyi

သို႔ေသာ္လည္း ပေရာ္ဖက္ဆာခ်န္ ဒီလိုျပဳမူမယ္ဆိုတာ မန႔္ခ်ဴးေတာင္ မေမွ်ာ္လင့္ထားခဲ့ဘူး။

မန႔္ခ်ဴးေတာင္ ဘာေတြျဖစ္လိုက္မွန္း သူမကိုယ္သူမ မသိလိုက္ဘူး။ အသက္တူ အတန္းတူ ေကာင္ေလးမ်ားက သူမဆိုရင္ အေရးေပးၾက‌တယ္ေလ။ သို႔ေသာ္လည္း သူမ ဖမ္းမိသြားတဲ့အခါ ေကာင္ေလးေတြရဲ႕ ႏွလုံးသားထဲက ေနရာကို ဆန္းစစ္ဖို႔ သူမ Weibo ဖြင့္ၾကည့္ဖို႔ လိုအပ္ေနခဲ့သည္။

ပေရာ္ဖက္ဆာခ်န္က သူမအတြက္ postတစ္ခု တင္လိုက္ကတည္းက ေက်ာင္းမွာရွိတဲ့ ေယာက်ၤားေလးအားလုံးနီးပါး သူမနဲ႔ အကြာအေဝးတစ္ခုေနၾကေလသည္။

မန႔္ခ်ဴးအတြက္ေတာ့ ႏွစ္နာရီစာေမးပြဲက ပထမပိုင္းထက္ ဒုတိယပိုင္းက သိသိသာသာ ပို၍ခက္ခဲလာေလသည္။

မန႔္ခ်ဴးစည္ multiple choiceေမးခြန္းဆယ္ခုကို ေျဖဆိုရန္ အခ်ိန္ သုံးမိနစ္သာယူေလသည္။ သူမသည္ နံရံႏွင့္ေလွ်ာက္လမ္းၾကား တတိယတန္းတြင္ ထိုင္ရေသာေၾကာင့္ စင္ျမင့္လမ္းထက္ တိုေလသည္။ ခ်န္ရႈအန္းသည္ သူမ၏ ‌တုန္လႈပ္ေနေသာ အမူအရာကိုျမင္လိုက္ေသာေၾကာင့္ မ်က္ခုံးအနည္းငယ္လႈပ္သြားခဲ့သည္။ သူမမ်က္ႏွာက ျဖဴေဖ်ာ့ေနၿပီး ပင္ပန္းေနပုံေပၚတယ္။

ဘယ္သူမွ ပေရာ္ဖက္ဆာ ခ်န္ကို ၾကည့္ဖို႔ သတၱိမရွိၾကဘူး။ မဟုတ္ရင္ သူတို႔ ခ်န္ရႈအန္း၏ ေတာင့္တင္းေနေသာ အမူအရာကို ေတြ႕ရလိမ့္မယ္။ ခ်န္ရႈအန္း အနည္းငယ္ ဝမ္းနည္းလာတယ္။ သူ၏အမူအရာက မထူးျခားနားေသာ္လည္းသူ၏ႏွလုံးခုန္သံက ပိုပိုၿပီး ျမန္လာခဲ့သည္။ 

ခ်န္ရႈအန္းသည္ စာေျဖလႊာေပၚလႊင့္ပစ္ထားတဲ့ မန႔္ခ်ဴး၏ မွတ္စုေလးကို မ်က္ေမွာင္ၾကဳတ္ကာ စကၠန႔္အနည္းငယ္ ၾကည့္လိုက္သည္။ ဆယ္မိနစ္ၾကာသည့္အခါ စင္ေအာက္သို႔ ေလွ်ာက္သြားခဲ့ၿပီး စာသင္ခန္း၏ အေရွ႕ အေနာက္သို႔ ေလွ်ာက္ေနခဲ့သည္။ အႏုပညာဌာန၏ သခ်ာ္ေမးခြန္းသည္ အထက္တန္းေက်ာင္းက ေမးခြန္းသကဲ့သို႔  ႐ိုးရွင္းေလသည္။ ဒါ‌ေပမယ့္ သူတို႔အားလုံးကေတာ့ နားလည္ပုံမေပၚပဲ ခက္ခဲေနတုန္းပင္။

အမ်ားစုက ေနာက္ဆုံးေမးခြန္း၏အေရွ႕တစ္ခုအား မွန္ကန္စြာ မေျဖႏိုင္ၾကေပ။ မန႔္ခ်ဴးသည္ သူမ၏အနီး၌ ရင္းႏွီးေန ရနံ႔တစ္ခု ရလိုက္သည္ကို သတိျပဳမိခဲ့ၿပီး ခဏေလာက္ ေၾကာင္အသြားခဲ့သည္။ သူမ သတိျပန္ဝင္လာသည့္အခါ အေျဖလႊာေပၚတြင္ လက္ေရးျဖင့္ေရးထား‌ေသာ ‌ေလးေထာင့္ပုံေခါက္ထားသည့္ စာ႐ြက္မ်ားေတြ႕လိုက္ရေလသည္။


✅✅Complete ✅ ✅ The ML always want to kill me 19+ (Mm Translation) Zawgyi+UnicodeWo Geschichten leben. Entdecke jetzt