Chapter -92

2.2K 70 0
                                    


နောက်ဆုံးတော့ ကျန်းဝေသည် သူမကို လေဆိပ်သို့ လိုက်ပို့ခဲ့သည်။

မန့်ချူးသည် အင်တာနက်ပေါ်ရှိ လူအများ၏ ထင်မြင်ယူဆချက်ကြောင့် သူမ၏သရုပ်ဆောင်အလုပ်က အဆုံးသတ်ပြီဟု ထင်မြင်ခဲ့ပြီး သူမသည် ဆုမေ့ နှင့် ဘွဲ့လွန်ဒရမ်မာအတွက် ကြိုတင်ပြင်ဆင်ရန်လိုအပ်အပ်သည်များကို ဆွေးနွေးနေခဲ့သည်။

မမျှော်လင့်ဘဲ ချင်းဇဲသည် ဤအခိုက်အတန့်တွင် သံလွင်ခက်ကို ရုတ်တရက် ပစ်ချလိုက်သောကြောင့် သူမပါဝင်နိုင်ခဲ့ခြင်းဖြစ်သည်။

သူသည် Birds of the Bow ဇာတ်ကားရဲ့ အမျိုးသမီးဇာတ်ကောင် နံပါတ် ၃ ကို ပြင်ဆင်ခဲ့သည်။

ချင်းဇဲ၏ အရှိန်အဟုန်သည် လွန်ခဲ့သည့် နှစ်နှစ်တာ ကာလအတွင်း အလွန်တည်ငြိမ်လာခဲ့သည်။သူသည် ရုပ်ရှင်လောကအတွင်းရော အပြင်မှာပါ နာမည်ကောင်းဖြင့် ဇာတ်ကားများစွာကို ရိုက်ကူးခဲ့ပြီး ဒါရိုက်တာအသစ်များကြားတွင် ခေါင်းဆောင်ဒါရိုက်တာတစ်ဦးဖြစ်လာခဲ့သည်။

သူမသည် နံပါတ် (၃) မင်းသမီးဖြစ်သော်လည်း သူမနှင့် သရုပ်ဆောင်ချင်သော အမျိုးသားသရုပ်ဆောင်များစွာရှိပြီး အထူးသဖြင့် ယခုလို အခြေအနေတွင်ဖြစ်သည်။

စာချုပ်ကို လက်မှတ်ရေးထိုးသောအခါ ချင်းဇဲသည် မန့်ချူးနှင့် အခြားဝန်ထမ်းများနှင့် တွေ့ဆုံခဲ့သည်။

တကယ်တော့ သူတို့နှစ်ယောက်သည် variety show ပြီးကတည်းက တစ်ခါမှ မတွေ့ဖူးပေ။

လိုအပ်ချက်အရ စာချုပ်လုပ်ငန်းစဉ်ကို ပြီးမြောက်ပြီးနောက် "ထမင်းအတူတူစားရအောင်လား?" ဟု ချင်းဇဲ ကသူမကို ပြောလိုက်သည်။

မန့်ချူး သည် ရှက်ရွံ့သွားခဲ့သည်။ ထိုအပြုအမူသည် မင်းသမီးများနှင့် ဒါရိုက်တာများအတွက် အတင်းအဖျင်းပြောစရာ ဖြစ်တက်သော အပြုအမူဖြစ်လေသည်။

သူတို့နှစ်ဦးသည် အမှန်တကယ် အပြစ်ကင်းသော်လည်း ချင်းဇဲတွင်လည်း ရှင်းမပြတက်သောအခြေအနေအချို့ရှိလိမ့်မည်ဖြစ်သည်။

ချင်းဇဲ၏ သဘာဝအပြုအမူအရ ဤအရာကို သူနားလည်မည် မဟုတ်ပေ။

မန့်ချူးသည် သူ့ကို ပထမဆုံးအကြိမ်အဖြစ် ကြည့်လိုက်ပြီး ထိုလူ၏ ပြုံးနေသော မျက်လုံးများကို သတိထားမိလိုက်သည်။

✅✅Complete ✅ ✅ The ML always want to kill me 19+ (Mm Translation) Zawgyi+UnicodeOpowieści tętniące życiem. Odkryj je teraz