မန့်ချူးသည် မောပန်းမှုကြောင့် အိပ်မော ကျသွားခဲ့လေပြီ။ သူမ၏ခန္ဓာကိုယ် အကုန်နီးပါး စောင်လွှမ်းခြုံထားပြီး သူမ၏ ပန်းရောင်သမ်းနေသော ပါးလေးသာ ပေါ်နေခဲ့သည်။
ချန်ရှုအန်းသည် အိပ်ရာပေါ်လဲလျောင်းလိုက်ပြီးနောက် အိပ်ရာပေါ်တွင် မန့်ချူး၏ ခန္ဓာကိုယ်မှ ထွက်လာသော အရည်များပေနေသည်ကို တွေ့လိုက်သည်။ ထို့နောက် သူ မျက်မှောင်ကြုတ်လိုက်ကာ ခဏကြာပြီးနောက် တာဝါအသစ်သွားယူကာ ၎င်းအပေါ် ဖြန့်ခင်းလိုက်လေသည်။ အဲ့နောက်မှ သူလဲလျောင်းခဲ့သည်။
သူမ သည် မိန်းမောနေကာ အပူငွေ့ရှိသည့်ဘက်သို့ တိုးလာလေသည်။ သူမ၏ မျက်လုံးသည် အမှောင်ထဲ၌ပွင့်လာကာ သူမ၏လက်ချောင်းသည်လည်း နူးညံ့သည့် အသားအရည်ကို ထိတွေ့ခဲ့သည်။
သူခဏလောက်ခဲတောင့်သွားပြီးမှ သူမအား ကိုးရိုးကားယားနှင့် ဆွဲဖက်လိုက်လေသည်။ သူက ဒီနေရာမှာ တကယ့်ကိုမတော်ဘူး။ မန့်ချူးသည် သူ့၏လက်မောင်းထဲသို့ တိုးဝင်ကာ အိပ်စက်ဖို့ နေရာမှန် တွေ့သွားသလို ပြန်လည်အိပ်ပျော်သွားခဲ့တယ်။
ချန်ရှုအန်း သည် သူ၏ပြောင်းလဲမှုကို အနည်းငယ်လေး အံ့ဩသွားမိသည်။ သူ့ဘေးနားက ကောင်မလေးကို အေးအေးဆေးဆေး အနားယူလို့ ရအောင်တောင်မှ သူကူညီပေးခဲ့တယ်။ ထို့နောက် မကူကယ်နိုင်စွာနဲ့ပဲ သူအိပ်ရာထခဲ့သည်။
ကံကောင်းစွာနဲ့ ထိုအကြောင်းတွေကြောင့်နဲ့ သူကိုယ့်သူ ကဖျက်ကယက်ဖြစ်စေမှာမဟုတ်ဘူး။ သူက အမြဲတမ်းအခြေအနေနဲ့ လိုက်ဖက်အောင် နေတက်တယ်။ ထို့နောက် သူ မီးပိတ်လိုက်ကာ အ်ိပ်ရာဝင်ခဲ့သည်။
မနက်လေးနာရီ ဝန်းကျင်လောက်မှာ ဟိုတယ်၏ ကားပါကင်ဝန်းထဲသို့ နာနီ ကားတစ်စီးဖြေးညှင်းစွာ ဝင်လာခဲ့တယ်။ ထိုကားက ရိုက်ကူးရေး ကား ပဲဖြစ်တယ်။
ကင်မရာ သမားများသည် စောစီးစွာ ရိုက်ကွင်းပြင်ဆင်နေကြသည်။ ဇာတ်ညွှန်းအရဆိုရင် ရိုက်ကူးရေး သမားတွေက မန့်ချူးအခန်းကို လေးနာရီခွဲမှာ လာဖွင့်လိမ့်မည်။
တကယ်ဆို ထိုအချိန်မှာ သူမ မိတ်ကပ်လိမ်းပြင်နေသင့်သည်။ သို့သော်လည်း သူမက အိပ်နေတုန်းပင်။
မန်နေဂျာက ကတ်ဖြင့် သော့ဖွင့်ပေးကာ ထွက်သွားနေပြီး။ ရိုက်ကူးရေးသမားများသည် မီးဖွင့်ပြီး အခန်းထဲသို့ ဝင်လာသောအခါ တစ်ဖွဲ့လုံး ရှော့ခ် ရသွားခဲ့သည်။ ထို့နောက် တစ်ယောက်နဲ့ တစ်ယောက်ကြည့်မိကာ ရှက်ကိုးရှက်ကန်းဖြစ်ကုန်ကြလေသည်။
CZYTASZ
✅✅Complete ✅ ✅ The ML always want to kill me 19+ (Mm Translation) Zawgyi+Unicode
RomansThis is my first translation. It is not my own.