တကယ်လို့ အခန်းထဲမှာ လူအများကြီး ရှိမနေရင်ချန်ချူ ဒီလို တိတ်ဆိတ်နေမှာမဟုတ်ဘူး။ သူ့၏စိတ်ထဲတွင်တော့ နောက်ဆုံးတော့ သူ့သား အနည်းငယ် ပေါ်ပြူလာ ဖြစ်လာပြီးဟု တွေးနေခဲ့သည်။ ဆေးရုံနှစ်ခေါက် ရောက်ပြီးတဲ့အခါ ရဲ တောင် အခေါ်ခံရလေပြီ....
သူကတော့ မိန်းကလေးက သူများရိုက်တာ ခံလိုက်ရတာကြောင့် ဆေးရုံရောက်နေတယ်လို့ပဲ သူသိခဲ့သည်။ သူတို့နှစ်ယောက်ကြားထဲမှာ ဘာတွေ ဖြစ်ပျက်ခဲ့မှန်း သူမသိခဲ့ဘူး။ ထိုအကြောင်းကို စဉ်းစားမိလိုက်သောအခါသူ့၏အတွင်းရေးမှူးအား
"ရုံးက အတွင်းရေးမှူးလက်ထောက်တစ်ယောက်လောက် သူတို့ဆီ ပို့လိုက်"
ဖေဖော်ဝါရီ ၁၇,၂၀၂၁
ဆေးရုံက ချန်ရှုအန်း၏ မှတ်တမ်းသည် ပြီးဆုံးခဲ့လေသည်။ ရဲအရာရှိ သုံးဦးနှင့် ချန်ရှုအန်းသ ည် ကော်ရစ်ဒါ အပြင်ဘက်တွင်စောင့်နေစဉ် လူနာဆောင်ထဲတွင် ရဲမေ တစ်ဦးသာရှိခဲ့သည်။
ချန်ရှုအန်းသည် အချိန်ကြာမြင့်စွာ သူတို့ပြောတာနားထောင်ခဲ့ပြီးနောက် ဆိုလိုရင်းကို သဘောပေါက်သွားခဲ့သည်။ သူတို့တွေက လူနာဆောင်ထဲမှာ မန့်ချူးကို အနိုင်ကျင့်နေတယ်လို့ ယူဆနေကြတာလား ???
ပခုံးက လွဲပြီး အခြားထိခိုက် ဒဏ်ရာ ရှိနေသေးတာလား ? ဒီလူသုံးယောက်ရဲ့ ဦးနှောက်ကိုတော့ သူအနည်းငယ် ပဟေဠိ ဖြစ်မိတယ်။ သူ့မျက်နှာအမူအရာကိုတော့ ကသိကအောက် ဖြစ်တယ် လို့ နည်းနည်းလေးတောင် မဖော်ပြခဲ့ပါဘူး။ သူဒဏ်ရာ ရနေတာကိုမြင်တာတောင် မစိုးရိမ်ပဲ သူ့ကို ထိုင်ဖို့ ခွင့်မပြုခဲ့ဘူး။
နောက်ဆုံးတွင် မန့်ချူးသည် နိုးလာခဲ့လေသည်။ သူမသည်အဖြူရောင် မျက်နှာကျက်အား မြင်လိုက်ရပြီး မရင်းနှီးသော မိန်းမတစ်ယောက်အသံကိုလည်း ကြားလိုက်ရသည်။
"နောက်ဆုံးတော့ နိုးလာပြီပဲ !! ဘယ်လိုနေလည်း ??? နောက်ပြီး ဘာတွေ ဖြစ်ခဲ့ကြတာလဲ ?"
မန့်ချူးသည် သူမခေါင်းကို လှည့်လိုက်တဲ့အခါ သူမ၏ဘယ်ဘက်လက်မောင်းတွင် ရဲဟူသော စကားလုံးကိုတွေ့လိုက်ရတာကြောင့် အချိန်အတော်ကြာ ကြောင်အသွားလေသည်။
ESTÁS LEYENDO
✅✅Complete ✅ ✅ The ML always want to kill me 19+ (Mm Translation) Zawgyi+Unicode
RomanceThis is my first translation. It is not my own.