အရင်တုန်းက ချန်ဗီလာနှစ်ခုသည် နှစ်၁၀၀ သက်တမ်းရှိ တရုတ်စတိုင်ခြံဝန်းကျယ်ထဲတွင်ရှိပြီး အခုနောက်ပိုင်းမှ ခေတ်ရေစီးကြောင်းနှင့်အညီ ၎င်းကိုပြန်လည်ပြင်ဆင်ထားလေသည်။ အဓိက သစ်သား စတိုင် အဆောက်အဦးအား ဆက်လက်ထိန်းသိမ်းထားသောကြောင့် ထိုအဆောက်အအုံရှိ အသံလုံစနစ်သည် မကောင်းပေ။ခြံစောင့်များ ၊ သန့်ရှင်းရေးသမားများ နှင့် ချက်ပြုတ်ရေးတာဝန်ခံများက ဗီလာဘေးရှိ အဆောက်အအုံတွင် နေကြလေသည်။ ပထမထပ်သည် ဧည့်သည်များအား ဧည့်ခံရန်ဖြစ်ပြီး ဒုတိယထပ်သည် ချန်ချူနှင့် ရှင်းရင် ၏ အခန်းများဖြစ်ကြသည်။
ချန်ချူနှင့် ရှန်းရင် တို့ အိမ်ပြန်လာချိန်သည် အတော်နောက်ကျနေပြီး ဖြစ်ပေမယ့် ဗီလာထဲ၌မူ အလင်းရောင်များ ထွန်းလင်းလျက်ရှိတုန်းပင်။
သူတို့နှစ်ဦးလံုးသည် ချန်ရှုအန်း ပြန်သွားပြီးဟု ထင်နေလေသည်။ ထို့နောက် သူတို့ ပစ္စည်းများကို ချကာ အပေါ်သို့ တက်သွားခဲ့သည်။ သူတို့ အပေါ်မတက်လာခင် မန့်ချူး၏ ညည်းညူနေသံများအား ဒုတိယထပ်မှနေ၍ ကြားလိုက်ရသည်။
ထိုအသံတွင် သာယာမှုနှင့်ပေါင်းစပ်ထားေသာ မိန်းကလေး၏ညည်းညူသံနှင့် ကြမ်းရှရှ ယောကျာ်းသံ ၏အသံများလည်းပါဝင်သည်။ ဗီလာ တစ်ခုလုံး တိတ်ဆိတ်နေသောကြောင့် ထိုအသံများက ရှက်စဖွယ် ထွက်ပေါ်နေခဲ့သည်။
ဗီလာမှာရှိတဲ့ သူများကတော့ သူတို့သား၏ အိပ်ခန်းထဲက လှုပ်ရှားမှုများကို စိတ်မဝင်စားခဲ့ကြပါဘူး။ ရှန်းရင်သည် ရှက်လာခဲ့ကာ ချန်ချူနှင့်အတူ အပေါ်သို့ လျှင်လျှင်မြန်မြန်တက်သွားလေသည်။ ရှန်းရင်သည် ထိုအခန်းအား ဖြတ်ကျော်သွားရသောကြောင့် မန့်ချူး၏ သနားစဖွယ်တောင်းပန်သံကို ကြားခဲ့ရလေသည်။
"ချန်ရှုအန်း......."
ထိုအသံသည်မကျယ်သော်လည်း အပြင်ဘက်မှ လူနှစ်ယောက်သည် တစ်ချိန်တည်းမှာပင် ခဲတောင့်သွားလေသည်။
ချန်ရှုအန်း၏ အခန်း......
ဒီအသံေတွက အပျော်အပါး လိုက်စားတဲ့အသံတော့ မဟုတ်သေးဘူး။
YOU ARE READING
✅✅Complete ✅ ✅ The ML always want to kill me 19+ (Mm Translation) Zawgyi+Unicode
RomanceThis is my first translation. It is not my own.