Chapter -91

2.2K 63 0
                                    


မန့်ချူးသည် သူမ၏လက်အား ဆေးကြောကာ ခန္ဓာကိုယ်တစ်ခုလုံးပါ သန့်ရှင်းခဲ့သည်။ သူမ၏ ပရိုတ်ဗိတ် ဧရိယာမှာ ဘာလက္ခာဏာမှ မကျန်ခဲ့သော်လည်း အနည်းငယ် မသက်မသာတော့ ဖြစ်ခဲ့သည်။

ဒီ ကျန်းဝေက နည်းနည်း စိတ်ဝင်စားစရာ ကောင်းတယ်လို့ ထင်မိလေသည်။ ဒီ ရိုးသားတဲ့ဖိုးသခွားလိုလုပ်နေတဲ့ သူက သာမာန်တော့မဟုတ်ဘူး။ သူက ဒါကို ကောင်းကောင်း ဖုံးကွယ်နိုင်လို့ ဘယ်လိုအမျိုးအစားခွဲရမလည်းတောင် သူမ မသိ‌ေတာ့ဘူး။

မန့်ချူးသည် သူ့အပေါ်တွင် မကောင်းသည့်ခံစားချက်မရှိသော်လည်း၊ သူမ၏ အခြေအမြစ်မရှိသော ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်သည့် ဗီဇက ဤလူသည် သူမအတွက် မသင့်တော်ကြောင်း ပြောပြ‌ေနခဲ့သည်။

သူမသည် ချန်ရှုအန်းအား တစ်ချက်ကြည့်ရုံမျှနှင့် ချစ်မိသွားခဲ့ပြီး ယခုတွင်မူ အခြားသူများအတွက်သူမ၏ခံစားချက်ကို မေးခွန်းထုတ်ခဲ့သည်။ ချန်ရှုအန်းကတော့ သူဖျက်စီးလိုက်တဲ့ အရာအတွက် သိရှိဖို့ အခွင့်အရေးမရှိတော့ဘူး။

သူမသည် ရေချိုးခန်းမှ ထွက်လာပြီးနောက် ကျန်းဝေအား ရှင်းလင်းစွာ ငြင်းဆိုခဲ့သည်။

သူသည် အဝတ်အစားများကို ပြန်ဝတ်ပြီး တံခါးနားမှာ ရပ်နေခဲ့သည်။ ​​သူမ၏ပြောစကားကိုကြားလိုက်ရတော့ စက္ကန့်အနည်းငယ်လောက် ဆွံ့အသွားခဲ့သည်။

မိန်းကလေး‌ေတွရဲ့စိတ်က ခန့်မှန်းရခက်လှတယ်။

သူမ လက်ခံလောက်သည်ဟု ထင်ခဲ့သော်လည်း ငြင်းပယ်ခြင်းနှင့်ရင်ဆိုင်ခဲ့ရသည်။ သူသည်တစ်ခုခုကို သတိရသွားသလိုမျိုး ခဏလောက် ခေါင်းငုံ့၍ စဉ်းစားကာ

"မန့်ချူး ကိုယ်မင်းကို ကောင်းကောင်း ဆက်ဆံပါ့မယ်"

သူ သူမအပေါ်ကောင်းကောင်းဆက်ဆံမယ်။ သူမက သူ့ကိုငြင်းလွှတ်ရင်တောင် နောက်ဆုတ်မှာ မဟုတ်ဘူး။

သူ့လိုအေးစက်စက်လူသည် သူ့သဘောသဘာဝကို တမင်တကာ ချိုးဖောက်ပြီး သူ့ နှလုံးသားထဲတွင် သူမအား ရတနာတစ်ခုလို ဆက်ဆံခဲ့သည်။

ထို့အတွက် သူမ အိမ်မှ ကန်ထုတ်ခံခဲ့ရပေမယ့် စကားထပ်ပြောဖို့တော့ မမေ့ခဲ့ဘူး။

✅✅Complete ✅ ✅ The ML always want to kill me 19+ (Mm Translation) Zawgyi+UnicodeDonde viven las historias. Descúbrelo ahora