Chapter 82 - Zheng Wei

2.8K 71 1
                                    

မန့်ချူးသည် အရင်ပြန်ဖို့ ဖန်ရှန်အား ပြောခဲ့ပေမယ့် ဖန်ရှန်ကတော့ အခြားသူများနှင့် ဟာသပြောနေလေသည်။

"အမရှန် အမအလုပ်ပြုတ်တော့မယ်ထင်တယ်နော်"

ဖန်ရှန်က ရပ်လိုက်ပြီး နောက်ဆုံးတော့ မန့်ချူးဘက်လှည့်ကာ

"ချူး ချူး အရမ်းမတွေးပါနဲ့။"

သူမနှင့်ချန်ရှုအန်းကြားက ဆိုးရွားတဲ့ဆက်ဆံရေးကို စကားလုံးအနည်းဖြင့် ထမင်းစားရေသောက်သလို ဘယ်လိုရှင်းပြနိုင်မှာလဲ?

မန့်ချူး တို့အတန်းထဲက ကျောင်းသားအားလုံး နီးပါးလောက်က အလုပ်ရှာဖွေနေကြသော်လည်း သူမနှင့် ရှောင်ချင်းကတော့ ရန်ဖြစ်လို့ကောင်းတုန်း...

မန့်ချူးသည် ကျောင်းမှာ နေသည့် ရဲရှင်း နှင့်တောင် တွေ့ခဲ့ပေမယ့် ချန်ရှုအန်းသည်တော့ ကျောင်းမှ လုံးဝပျောက်ကွယ်သွားခဲ့သည်။ အခြားသူများကလည်း သူမကို သတိရနေကြကာ
"မကြာခင် အမ ဘွဲ့ရတော့မှာဆိုတော့ ငါတို့ သတိရနေတော့မှာပဲ..."

"အချိန်ကုန်တာ မြန်တယ်နော်...အမတောင် နင့်ကို ...." ရဲရှင်းသည် သက်ပြင်းချကာ သူမကို လှည့်ကြည့်ခဲ့ပြီး ပြောလက်စကို ရပ်လိုက်ကာ အဝေးသို့ ထွက်သွားခဲ့သည်။ အဲဒီအချိန်က ချန်ရှုအန်းနှင့် ထိုကလေးမလေးက ချိတ်မိပြီး နှစ်ယောက်သား အကြောင်းတစ်ခုခုကြောင့် တိတ်တဆိတ် လမ်းခွဲခဲ့တာကို သူမ မှတ်မိနေပါသေးသည်။

ထိုပို့စ်သည် အလွန်ကျော်ကြားသွားပြီး ၎င်းသည် မန့်ချူး ၏မျှော်လင့်ချက်ထက်ကိုပင် ကျော်လွန်သွားခဲ့ပြီဖြစ်သည်။

ချန်ရှုအန်း သူမခန္ဓာကိုယ်ပေါ်တွင် အုပ်ထားသော စတစ်ကာကို ယခုတစ်သက်တွင် ဘယ်တော့မှ ဖြုတ်ပစ်လို့ရမည်မဟုတ်ပေ။ (သူတို့နှစ်ယောက်တွဲခဲ့တာကို လူသိသွားတယ်လို့ ပြောတာထင်တယ်)

သူမရဲ့နောက်ဆုံး Weibo ပို့စ်အား ဖရဲသီးစားသည့် အင်တာနက်အသုံးပြုသူတွေက လုံးဝသိမ်းပိုက်ခဲ့သည်။

ယခုလတွင် စာချုပ်ဖျက်သိမ်းရန် တတိယအကြိမ် ခေါ်ဆိုမှုကို လက်ခံရရှိသောအခါတွင် မန့်ချူး သည် သိသိသာသာ ငြိမ်သက်သွားကာ တစ်ဖက်သားအား ကြင်နာမှုဖြင့် တုံ့ပြန်ခဲ့သည်။

✅✅Complete ✅ ✅ The ML always want to kill me 19+ (Mm Translation) Zawgyi+UnicodeWhere stories live. Discover now