မန့်ချူးသည် ချန်ရှုအန်း၏ကားပေါ်မှ ပုံမှန်အတိုင်းပင်ဆင်းလာခဲ့သည်။ သို့သော် လမ်းတစ်လျှောက်မှ လူများ သူမကို ဝိုင်းကြည့်နေသည်ဟု ခံစားမိပေမယ့် သူမဝတ်ထားသည့် အကျီကြောင့်ဟုသာ ထင်နေလေသည်။
လေအေးများ သူမမျက်နှာ တစ်လျှောက်ဖြတ်တိုက်သွားစဉ် သူမလည်ပင်း၌ စပ်ဖျဉ်းဖျဉ်း အသိ ခံစားလိုက်ရသည်။ သူမသည် ခိုက်ခိုက်တုန်အောင် ချမ်းနေကာ အဆောင်ထဲသို့ ဝင်ပြေးသွားခဲ့သည်။
သူမ အဆောင်ထဲရောက်သောအခါ သူမနှင့်အတန်းတူ သူငယ်ချင်း လီရှီရှီအားတွေ့လိုက်ရသည်။ သူတို့နှစ်ယောက် ဆက်ဆံရေးကောင်း ရှိလေသည်။ တစ်ယောက်နဲ့ တစ်ယောက် နှုတ်ဆက်ပြီးသောအခါ လီရှီရှီသည် ရုတ်တရက်
"ဂုဏ်ယူပါတယ် မန့်ချူးရေ့"
မန့်ချူး ကြောင်အနေခဲ့သည်။
ယနေ့ သူမ နေ့လည်ပိုင်း အတန်းရှိလေသည်။ ရှောင်ချင်းသည် ပြန်မရောက်လာသေးပေ။ သူမ၏ဖုန်းသည် အဆောင်မှ စားပွဲပေါ်တွင် ရှိနေဆဲ ဖြစ်လေသည်။ သူမကောက်ယူပြီး စက်ဖွင့်လိုက်သည့်အခါ မရေတွက်နိုင်သော ခေါ်ဆိုမှုများ တစ်ခုပြီး တစ်ခုဝင်ရောက်လာခဲ့သည်။ ဖုန်း call အများစုသည် သူမအဖေမန့်ရွမ်နှင့် ဆန်းမင်းဆီမှ ဖြစ်လေသည်။
မန့်ချူးသည် သူမအဖေအား ဖုန်းအမြန်ပြန်ခေါ်ခဲ့သည်။ မန့်ရွမ်သည် ဘာမှ အရေးကြီးပုံ မပြကာ သူမ ဘာကြောင့် စက်ပိတ်ထားလဲ ဆိုတာကိုပင်မေးခဲ့လေသည်။ ထို့နောက် သူ ဒီနေ့ ပေကျင်းမှာ ရှိလိမ့်မည်ဟု မန့်ချူးအား ပြောခဲ့သည်။
မန့်ချူး ပြန်လာပြီး ဒုတိယအပါတ်တွင် သူJiang Chengသို့ပြန်သွားခဲ့ရသည်။ မန့်ရွမ်သည် တစ်နှစ်ပတ်လုံး အဓိက ထုတ်လုပ်သူအဖြစ် လည်ပတ် လုပ်ကိုင်နေရသည်ဖြစ်သောကြောင့် သူမအဖေပေကျင်းသို့ အလုပ်ကိစ္စ ရှိ၍ လာသည်ဟုပင် သူမထင်နေလေသည်။
သူမ ဆန်းမင်းဆီဖုန်းခေါ်လို့မပြီးခင် အထိပဲ......
မန့်ချူးသည် Weiboအား ဖွင့်ကြည့်ပြီးနောက် ဖုန်းအားပြန်ပိတ်လိုက်ကာ တစ်မနက်လုံး အဆောင်အတွင်း၌သာ နေလေသည်။ သူမ ရှောင်ချင်း ပြန်ရောက်နေတာတောင် သတိမထားမိခဲ့ဘူး။ သူတို့နှစ်ယောက်လုံး အခြေအနေကောင်းပုံ မပေါ်ပေ။ ရှောင်ချင်း၏ မျက်လုံးသည် နီရဲနေပုံက သူမ ငိုထားကြောင်း သက်သေပြနေလေသည်။
ESTÁS LEYENDO
✅✅Complete ✅ ✅ The ML always want to kill me 19+ (Mm Translation) Zawgyi+Unicode
RomanceThis is my first translation. It is not my own.