Chapter 96,97

1.4K 44 17
                                    


မန့်ချူးက ရေချိုးခန်းထဲဝင်သွားခဲ့သည်။ သူမပြန်ထွက်လာတဲ့အချိန် သူမအဖော်လည်း ပျောက်လုနီးပါးပင်။ သူမထွက်လာတဲ့အချိန် ချင်းဇဲက နံရံကိုမှီပြီး ခေါင်းငိုက်စိုက်ကျနေတာကို တွေ့လိုက်ရသည်။ သူ တစ်ယောက်ယောက်ကို စောင့်နေသလိုပဲ။

"ဒါရိုက်တာချင်း ရှင်မသွားသေးဘူးလား"

"အင်း ကိုယ် တစ်ယောက်ယောက် ကို စောင့်နေတာ"
ထို့နောက် မန့်ချူးလည်း ဂရုမစိုက်တော့ပဲ အပြင်ထွက်သွားတော့သည်။

ချင်းဇဲသည် ‌သူမ၏ နောက်ကျောကို ငေးကြည့်နေပြီး သုမ ပျောက်ကွယ်တော့မည့်အချိန်တွင်

"မန့်ချူး"

သူမ ပြန်လှည့်ကြည့်လိုက်သည်။

"ပျော်ရွှင်စရာ နှစ်သစ်....."

"ဒါရိုက်တာချင်း"

သူ့စကားလုံးတွေကို နှောင့်ယှက် လိုက်သူက ကျန်းဝေပင်။ ကျန်းဝေ ဘယ်အချိန်တည်းက ရှိနေမှန်း သူတို့မသိလိုက်ပေ။ သူက မန့်ချူးနဲ့ တစ်မီတာ အကွာလောက်မှာ ရပ်နေလေသည်။

"မန့်ချူး ပျော်ရွင်စရာ နှစ်သစ်ကူးပါ"
သူ့အသံက အလွန် တိုးလျနေသည်။ချင်းဇဲသည် ထိုစကားလုံးများအား ထုတ်မပြောနိုင်ပဲ ပါးစပ်ထဲ၌သာ လှိမ့်နေခဲ့သည်။ သူ့မျက်လုံးများက ရှုပ်ထွေးနေပြီး ပြောချင်နေခဲ့ပေမယ့် ပြောမထွက်နိုင်ပေ။ သူ ခါးသီးစွား ပြုံးလိုက်သည်။ သူတို့ ထွက်သွားပြီးနောက် သူက ထိုနေရာ၌ပင်ရှိနေခဲ့သည်။

တစ်ယောက်တည်း...

နောက်ကျနေပြီ...

ဆောင်းရာသီ၏ ဆောင်းလေအေးများက သူမပါးကို ခဲစေလုနီးပါးပင်။ သူတို့က နှစ်ယောက်က ဘေးချင်းကပ်လျှောက်နေခဲ့သည်။ ရုပ်မြင်သံကြားအဆောက်အဦး၏ မီးများကလည်း မှိတ်သွားခဲ့ပြီ။

"ရုပ်ရှင်ရိုက်ကတာ ခက်လား?"

"အဆင်ပြေပါတယ်။ ကျွန်မကတော့ အရမ်းသဘောကျတယ်" ကျန်းဝေလည်း လေအေးများကြောင့် မွန်းကျပ်နေကာ အတန်ကြာထိ စကားမပြောနိုင်ခဲ့ပေ။
မန့်ချူးနေသည့် နေရာ ရုပ်ရှင်အဖွဲ့သားများက စီစဉ်ပေးထားခြင်းဖြစ်သည်။ ငါးဆယ့်ငါးလွှာသည် သရုပ်ဆောင်များအတွက်ဖြစ်ပြီး လုံခြုံရေးအလွန်ကောင်းမွန်ကာ အခန်းကတ်မပါလျှင် ဝင်လို့မရနိုင်ပေ။

✅✅Complete ✅ ✅ The ML always want to kill me 19+ (Mm Translation) Zawgyi+UnicodeWhere stories live. Discover now