Chapter 22 - Experiment

6.7K 155 0
                                        


သူ အနောက်သို့ လှည့် လိုက်သောအခါ သူမသည် ကုတ်အကျီအားကိုင်ထားရင်း ရပ်နေခဲ့သည်ကို ချန်ရှုအန်း မြင်တွေ့လိုက်ရသည်။ သေးငယ်သော အဝတ်အစားသည် သူမနှင့် ချပ်ကပ်နေသောကြောင့် ကောက်ကြောင်းများသည်ကား ပေါ်လွင်နေခဲ့သည်။ ထိုအရာက သူ့အား အကြည့်မလွဲနိုင်အောင် ပြုလုပ်နေလေသည်။
သူ၏ခန္ဓာကိုယ်သည် တောင့်တင်းလာခဲ့ပြီး သူ၏လည်ချောင်းသည်လည်း အထိန်းအချုပ်မဲ့ကာ လှုပ်ရှားသွားလေသည်။ ထို့နောက် ဝမ်းဗိုက်အောက်ရှိ သူ့ပစ္စည်းသည်လည်း အနည်းငယ်မာလာသည်ကို ခံစားခဲ့ရလေသည်။ သက်ပြင်းတစ်ချက်ရှိုက်လိုက်ကာ အသံတိုးတိုးဖြင့် သူမအား

"နိုးပြီလား ?"

မန့်ချူးသည် တစ်ညလုံး သူ၏အခန်းထဲတွင်  နောက်ကျသည်အထိ အိပ်မောကျခဲ့သည့်အကြောင်းအားတွေးကာ ရှုပ်ထွေးနေခဲ့သည်။ သူမသည် ပြတင်းပေါက်နားတွင် သူနှင့်အတူရပ်လိုက်ကာ တီးတိုးသံဖြင့်မေးလိုက်သည်။

"ဘယ်လို ပြန်ထွက်ရမလဲ ?"

ကြည့်ရသလောက်တော့ ထိုမိန်းကလေးငယ်သည် ယခုအချိန်တွင် ရှုပ်ထွေးနေပြီး ညတုန်းက အိမ်မက်မက်ပြီးထယောင်တာတွေကို သူမ မမှတ်မိခဲ့ဘူး။

"မပြန်လည်း ရပါတယ်"

ချန်ရှုအန်းသည် ညည်းညူသံဖြင့် သူမဘက်သို့ သူခေါင်းလှည့်ကာ သူမအားသွေးဆောင်ဖျားယောင်းနေသလို စေ့စေ့ကြည့်ခဲ့လေသည်။

သူမသည် ထိုအန္တရာယ်ရှိသော အချက်ပြမှုအား လက်မခံနိုငိပဲ ရှော့ခ် ရသွားခဲ့သည်။ သူဆိုလိုတာက သူမတို့နှစ်ဦးကြားက relationship ကို ဝန်ခံပြီး လိုလိုလားလား နီးစပ်ချင်နေတာလား ?

တစ်စုံတစ်ယောက်က  သူမလည်ပင်းအား ညှစ်လိုက်သလို ဖြူဖျော့သွားခဲ့သည်။ ထို့နောက်ရုတ်တရက် သူမအပြောမှားသွားသည်ကို သတိပြုမိလိုက်သည်။ သူမသည် ချက်ချင်းပင် ရီမောခဲ့ကာ ခက်ခက်ခဲခဲဖြင့် ပြောခဲ့လေသည်။

"အဲ့ဒါက မသင့်တော်ဘူးလေ။ ရှင့်ရဲ့ ဂုဏ် သတင်းကိုလည်း ထိခိုက်စေလိမ့်မယ်။ အခုထိက ကျွန်မတို့က ဆရာနဲ့ တပည့် ဖြစ်နေတုန်းပဲ"

✅✅Complete ✅ ✅ The ML always want to kill me 19+ (Mm Translation) Zawgyi+UnicodeDonde viven las historias. Descúbrelo ahora