သူမ၏နောက်ကျောကို မျက်နှာမူရင်း မန့်ချူး သည် အသက်ပြင်းပြင်းရှူကာ ငြိမ်သက်နေသဖြင့် ထိုလူက သူမအိပ်ပျော်နေပြီဟု ထင်သွားခဲ့သည်။သူ့လက်ချောင်းထိပ်တွေကသူမ ပါးပြင်တွေပေါ်သို့ဖြည်းဖြည်းချင်း ရွေ့လျားနေကာ ချက်ချင်းဆိုသလို မျက်ရည်တွေ ပြည့်လာပြီး သူမဆံပင်တွေကို ညင်သာစွာ နမ်းလိုက်သည်။
"ကိုယ်...မင်းကို ထပ်မလိမ်တော့ပါဘူး"
သူ့လက်ထဲမှသူမသည် ရုတ်တရက် တောင့်တင်းသွားခဲ့သည်။
အခန်းသည် လေအေးပေးစက်ရှိပြီး သူသည် သူမအားတင်းတင်းကျပ်ကျပ်ကျပ် ပွေ့ဖက်လိုက်သည်။
...သူမ ကိုယ်ဝန်တစ်လကျော်ပြီ။ သူမသည် ရက်စက်ကြမ်းကြုတ်သူမဟုတ်သလို ကလေးကိုသတ်မည့် သား, သတ်သမားလည်း မဖြစ်ချင်သောကြောင့် သူ့ကိုမွေးဖွားရန် ရည်ရွယ်ခဲ့သည်။
ရက်အနည်းငယ်ကြာပြီးနောက် ကျန်းဝေသည် ပေဂျင်းပြည်သူ့ဆေးရုံကြီးမှ ရာထူးကိုနုတ်ထွက်ရန် လျှောက်လွှာတင်ခဲ့ရာ ဆေးရုံခေါင်းဆောင်များနှင့် ဌာနဆိုင်ရာအားလုံးကို ထိတ်လန့်စေခဲ့သည်။
ချန်ရှုအန်းနဲ့ ဆေးရုံအုပ် စကားစမြည်ပြောဆိုပြီးနောက် လစာနှင့် ခံစားခွင့်များကို ညှိနှိုင်းခဲ့သော်လည်း ချန်ရှုအန်းသည် ထွက်ခွာရန် ဆက်လက်တောင်းဆိုခဲ့သည်။သူ့ဌာနတွင် ချက်ခြင်းအစည်းအဝေးတစ်ခုပြုလုပ်ခဲ့ပြီး နောက်ဆုံးတွင် ၎င်းတို့မှနုတ်ထွက်ရန် သဘောတူခဲ့ကြပြီး လွှဲပြောင်းပေးသည့်လုပ်ငန်းကို တစ်လအတွင်း အပြီးသတ်မည်ဖြစ်သည်။
မန့်ချူး၏ကိုယ်ဝန်တုံ့ပြန်မှုမှာ အနည်းငယ်ပြင်းထန်ပြီး အထူးသဖြင့် မနက်ပိုင်းနှင့် ညနေပိုင်းများတွင် ဘာမှမစားသောက်နိုင်ဘဲ ဆိုးရွားစွာအန်ခဲ့သည်။
သူမသည် ပြဇာတ်ရုံတွင် အလုပ်လုပ်နေဆဲဖြစ်ပြီး ချန်ရှုအန်းသည် သူမ အမှိုက်ပုံးကို အားနည်းစွာ ကိုင်ထားသည်ကို မြင်တိုင်း ကြောက်လန့်နေခဲ့သည်။
ဒါပေမယ့် သူမကို အလုပ်ကထွက်ဖို့ မတောင်းဆိုရဲပေ။
သူမလေး ဘာတွေ တွေးနေတာလဲ???
YOU ARE READING
✅✅Complete ✅ ✅ The ML always want to kill me 19+ (Mm Translation) Zawgyi+Unicode
RomanceThis is my first translation. It is not my own.