သူမ အဖိုးရဲ့အမြင်မှာ သူမက ချစ်ဖို့အတွက် ရောင်းအားနှေးေကွးေနတဲ့ ထုတ်ကုန်ဖြစ်နေပြီလား? သူမကို ရောင်းထုတ်ပစ်ဖို့ အလျင်လိုနေတာလား?
ကျန်းဝေ က တံခါးကို မှီထားကာ ဘာမှ မပြောဘဲ သူမတို့နှစ်ယောက်သား စကားဝိုင်းက သူနဲ့ ဘာမှမဆိုင်သလို ပါပဲ။
အဘိုး၏ရောဂါကြောင့် သူတို့သည် နောက်တစ်ကြိမ် ဒေါသထွက်မည်ကို ကြောက်သဖြင့် နောက်ဆုံးတွင် မန့်ချူးသည် သူ့အမိန့်ကိုနာခံကာ ကျန်းဝေနောက်သို့ လိုက်သွားခဲ့သည်။မန့်ချူးသည် ကျန်းဝေ၏ကားပေါ်တွင်ထိုင်ရင်း သူမသည် တစ်စုံတစ်ခုကိုစဉ်းစားပြီး "အဘိုးက အသက်ပိုကြီးလာေတာ့ အမြဲတမ်း ခေါင်းမာတယ်" ဟု ထပ်ခါတလဲလဲ ပြောခဲ့သည်။
ကျန်းဝေ သည် သူမကို လေးလေးနက်နက် စိုက်ကြည့်ကာ ဘာမှပြန်မပြောဘဲ ရုတ်တရက် သူမအနားသို့ တိုးကပ်လာသောကြောင့် သူမကို ကြောက်လန့်သွားေစခဲ့သည်။ သူမလက်ကို ကားတံခါးဝမှာ တင်ထားပြီး အချိန်မရွေးထွက်ပြေးဖို့ အဆင်သင့်ဖြစ်နေပေမယ့် ကျန်းဝေ က သူမရဲ့ထိုင်ခုံခါးပတ်ကို ချိတ်ပေးလိုက်သည်။
ဒါက ရှက်စရာကောင်းတယ်...
မန့်ချူး သည် သိသာထင်ရှားလွန်းသော သူမ၏ အပြုအမူကြောင့် ရှက်ရွံ့သွားပြီး သူမ၏မျက်နှာသည် ပါးလွှာသော အနီရောင်အလွှာများ ပြည့်နှက်လာသည်။ ထို့နောက် သူမ အံသြစွာ ရယ်မောလိုက်သည်။
ကျန်းဝေသည် ထင်ရှားသည့်အမာရွတ်များရှိသော ဘယ်ဘက်လက်ဖြင့် စတီယာရင်ကို ကိုင်ထားပြီး "အဘိုးပြောတာ မှန်ပါတယ်" ဟု အသံကျယ်ကျယ်ဖြင့် ရယ်မောလိုက်သည်။
"ဟင်?" မန့်ချူး က သူမခေါင်းကို မော့လိုက်သည်။
ထိုလူက ရှေ့ကိုကြည့်ကာ မျက်ခုံးပင့်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် နှုတ်ခမ်းကို ပွတ်သပ်လိုက်ပြီး သူမကို ကြည့်ခဲ့သည်။
"သူ့မှာ သိပ်ချစ်ဖို့ကောင်းတဲ့ မြေးမလေးတစ်ယောက် ရှိတယ်လို့ ပြောဖူးတယ်။ သူက ကျွန်တော့်ကိုလည်း မိတ်ဆက်ပေးချင်တယ်လို့ပြောတယ်... အမ်... သူမ က တကယ်ကို ချစ်စရာကောင်းတယ်တဲ့။"

YOU ARE READING
✅✅Complete ✅ ✅ The ML always want to kill me 19+ (Mm Translation) Zawgyi+Unicode
RomanceThis is my first translation. It is not my own.