Chapter 20 - A Surprise Announcement

6.6K 153 0
                                    

ညည့် သည်လည်းပိုပို၍နက်လာကာ လရောင်သည် အိပ်ခန်းထဲရှိ ဧည့်ခန်းထဲသို့ဖြတ်ကာ ဖျာကျနေလေသည်။ အခန်းထဲတွင် အလင်းဖျော့ဖျော့လေး ရှိပြီး ဘာဆိုဘာမှ မဝတ်ထားသောကောင်မလေး၏ခန္ဓာကိုယ်သည် ထိုယောကျာ်း၏သင်းရနံ့များစွဲကပ်‌ေန‌ေသာစောင်များဖြင့် ဖုံးအုပ်ထားခြင်းခံရသည်။

သူနှင့် မျက်နှာချင်းဆိုင်တွင်မန့်ချူးသည် ညက်ညက်ညောညောသက်တောင့်သက်‌သာဖြစ်စွာ အသက်ရှူနေလေသည်။ ချန်ရှုအန်းသည် သူမ၏အိပ်ပျော်နေသော မျက်နှာလေးအား ခဏအကြာကြည့်ခဲ့သည်။ အနည်းငယ် ကသိကအောင်ဖြစ်သွားသလို ခံစားလိုက်ရသောကြောင့် သူမ၏ကျောအား သူ၏မျက်နှာချင်းဆိုင်နေရာသို့ လှည့်လိုက်သည်။

သူ၏လက်ချောင်းသည် မကူကယ်နိုင်စွာ သူမ၏နူးညံ့ချောမွေ့သော လည်တိုင်မှ ကျောရိုးတစ်လျှောက် တို့ထိ‌ေနမိလေသည်။

အကြိမ်ပေါင်းများစွာ ထိပြီးနောက်တွင် သူမ မျက်နှာအား သူရှေ့သို့တစ်ဖန်ပြန်လှည့်လိုက်လေသည်။ သူမအား ထိတို့ကိုင်တွယ်ချင်လောက်အောင် နှစ်လိုဖွယ်ကောင်းသော အသွင်အပြင်နှင့်အတူ သူမသည် ‌မွေ့ရာပေါ်၌ လဲလျောင်းနေခဲ့သည်။ ထို့နောက် သူ၏ခေါင်းသည် ဖြေးဖြေးချင်း နိမ့်ဆင်းလာခဲ့ပေသည်။

သူမသည် ပိန်ပါးကာ အောက်ပိုင်းဝမ်းဗိုက်သည်လည်း အဆီမရှိပုံပေါ်ပေမယ့် သူမအရိုးအား သူခံစားလို့ မရခဲ့ချေ။ ယခု သူမ၏အသားအရေ သည် ပိုမို၍မွှေးပျံ့လာလေသည်။

ချန်ရှုအန်းသည် သူမခါးနားတစ်ဝိုက် နူးညံ့သော အသားစိုင်များအား  ညှစ်ကြည့်ဖို့ကြိုးစားခဲ့သည်။  သူမသည် ယားယံသလို ခံစားလိုက်ရသောကြောင့်  သူ၏အထိအတွေ့အား ငြင်းဆန်ခဲ့ကာ တစ်အင့်အင့်ညီးညူပြီး အိပ်ရာပေါ်တွင် လှိမ့်နေလေသည်။

ချန်ရှုအန်းသည် တစ်စိမ်းတစ်ယောက်နှင့် ပထမဆုံးအကြိမ် အိပ်ရာပေါ်တွင်အတူတူအိပ်ခြင်းဖြစ်သည်။ သူအရင်ကအကျင့်နှင့်ဆိုလျှင် ဒါက လက်မခံနိုင်စရာပင်။

ချန်ရှုအန်းသည် သူမအား အထူးအလေးထားဆက်ဆံခဲ့ကာ သူ၏ကိုယ်‌ပိုင်နေရာလေးအား ဝင်ရောက်ခွင့်ပြုခဲ့သည်။ သို့သော်လည်း သူမသည် ထိုနောက်ကွယ်မှ တန်ဖိုးအား သိသာစွာပင် နားမလည်ခဲ့ချေ။ ယခုညသည် သူ၏ ရှားရှားပါးပါး အိပ်မပျော်သော ညလည်းဖြစ်လေသည်။

✅✅Complete ✅ ✅ The ML always want to kill me 19+ (Mm Translation) Zawgyi+UnicodeDonde viven las historias. Descúbrelo ahora