Chapter 53 - Past Life

3.9K 113 8
                                    


ငါးရက်နေ့...... မနက်စောစော.....

အိပ်ရာပေါ်မှ ယောကျာ်းတစ်ယောက်သည် သယ၏မျက်လုံးအား ပိတ်လိုက် ဖွင့်လိုက် လုပ်နေလေသည်။ သူက အမြဲတမ်း အိပ်မပျော်သည့် ရောဂါအား ခံစားနေရသူ ဖြစ်သည်။

သူ၏ နာကျင်နေသော မျက်ခွံအား ဖိပွတ်လိုက်ပြီး စားပွဲပေါ်ရှိ digitalနာရီအား လှမ်းကြည့်လိုက်သည်။

ဒီနေ့က စမ်းသပ်မှု ကျရှုံးပြီး ငါးရက်မြောက်နေ့ပဲ။

ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ဆဲလ်အသစ်တည်ဆောက်မှုသည် ပျက်စီးသွားနိုင်ခဲ့ပြီး............။ 
သာမာန် ဘတ်တီးရီးယားများအားလုံး အား ဖျက်စီးရန် foreign invading ဘတ်တီးရီးယားသည် အချိန် ခုနှစ်ရက်သာ ယူလေသည်။

သူ အသက်ရှင်ဖို့ အချိန်နှစ်ရက်ပဲ ကျန်တော့တယ်။

အရင်နှစ်‌ေတွမှာ ဖွေးဖွေးလှုပ်မကျဖူးခဲ့တဲ့ နှင်း တွေက လွန်ခဲ့သော ရက်အနည်းငယ်ခန့်ကပေကျင်းမှာ ဖွေးဖွေးလှုပ်အောင် သိပ်သိပ်သည်းသည်း  ကျဆင်းနေခဲ့တယ်။ နှင်းကျပြီးတဲ့ အချိန် လေထု အရည်အသွေးကလည်း အံ့ဩ‌ဖွယ်ကောင်းလောက်အောင် လတ်ဆတ်နေခဲ့တယ်။ မြို့တစ်ခုလုံးလည်း နှင်းအပြည့်နဲ့ပေါ့။

ပေကျင်းမြို့ရဲ့ ပင်လီ လမ်း သည် မြို့၏လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်အောင် ပေါင်းစည်းခံလိုက်သည်။ လမ်းဘေးရှိ အိမ်အို အိမ်ဟောင်းများက ငြမ်းစင် ခံရပြီးဆောက်လုပ်ရေးသည်လည်း ထူထဲစွာကျနေသော နှင်းများကြောင့် ရပ်ဆိုင်းထားရသည်။

လမ်းမပေါ်တွင် မတ်တပ်ရပ်နေသော ယောကျာ်း တစ်ယောက်သည် သိပ်မမြင့်လှသော အဆောက်အဦးအား မော့ကြည့်နေခဲ့ပြီး သူ၏ နက်ရှိုင်းသော မျက်ဝန်းအစုံကို တစ်ဖြည်းဖြည်းမှိတ်ချလိုက်ပြီး ကျစ်လစ်စွာဆုပ်ထားသော လက်သီးသည်လည်း ဘောင်းဘီပေါ်တွင် တည်ရှိနေလေသည်။

သူ၏ခြေထောက်များက ကော်ရစ်‌ဒါသို့ မလှမ်းမီ မိနစ်နှစ်ဆယ် နီးပါးလောက် လှေကားရင်းတွင် ရပ်နေခဲ့သည်။ ဓာတ်လှေကားသည် ၁၆လွှာသို့ တိုက်ရိုက်တက်သွားခဲ့သည်။

ပထမဆုံး အထပ်.....

မန့်ချူးသည် ပျင်းရိစွာဖြင့် ပြတင်းပေါက်နားတွင်မှီနေစဉ် ရုတ်တရက် ဘဲလ် မြည်လာခဲ့သည်။ သူမ၏ wheelchairအား တံခါးပေါက်သို့ ကျွမ်းကျင်စွာ လှည့်လိုက်ကာ intercom videoအားကြည့်လိုက်သည်။

✅✅Complete ✅ ✅ The ML always want to kill me 19+ (Mm Translation) Zawgyi+UnicodeHikayelerin yaşadığı yer. Şimdi keşfedin