Chapter 111,112

1.4K 40 4
                                    

ချန်းမိသားစုသည် မန့်ချူး၏ ကိုယ်ဝန်အကြောင်းအားမသိဖို့ရန် မဖြစ်နိုင်ပေ။  သူ၏အဖေက ရှေ့ထွက်လာဖို့ အဆင်မပြေပေမယ့် သူ့အမေကတော့ မထိုင်နိုင်ဖြစ်ပြီး မန့်ချူးအား လာကြည့်ချင်နေသည်။

ချန်ဂျူးသည် သူမ၏ စိတ်ဝင်စားမှုကို သည်းမခံနိုင်တော့သဖြင့် "မိန်းကလေးမန့်က ငါတို့ကို မတွေ့ချင်ဘူးလေ။ အခုထိ ငါတို့သားကို လက်ထပ်ဖို့ ငြင်းဆိုတုန်းပဲ" ဟု သူ့မိန်းမအား ဖျောင်းဖျခဲ့သည်။

ကျန်းရင်သည် သူတို့အတွင်းပိုင်းဇာတ်လမ်းအကြောင်း သိပ်မသိပါ။  ချန်းဂျူးက ကောင်းကောင်းလျှို့ဝှက်ထားလေသည်။  သူပြောတာက သူတို့သားလေးက သတိမေ့မြောနေတယ်ချည်းပဲ။ နိုင်ငံတော်အဆင့် လျှို့ဝှက်စမ်းသပ်မှုများ ပြုလုပ်ရန် လိုအပ်ခြင်းကြောင့် သားဖြစ်သူထံ သူမ သွားလို့မရပေ။

ကျန်းရင်သည် ချန်းဂျူးကို အားကိုးပြီး နောက်ဆုံးတွင် သူ့စကားကို နားထောင်ခဲ့သည်။

မန့်ချူးရဲ့ ဆေးစစ်တဲ့နေ့မှာ ကျန်းရင်က ကားကို လမ်းဘေးမှာ ရပ်ထားလိုက်ပြီး သူတို့ကို အဝေးကနေ ကြည့်နေလိုက်သည်။ သူမက ဗိုက်ကြီး‌ေနတဲ့အတွက် အမျိုးသားက သူမကို ဝိုင်းပြီး ဂရုတစိုက်နေသည်။

မန့်ချူး သိသိသာသာ စိတ်တိုရင်း "ချန်ရှုအန်း ကျွန်မ တစ်ယောက်တည်း သွားနိုင်တယ်"

သူမသတ်မှတ်ရက်မတိုင်မီ သုံးပတ် သို့မဟုတ် လေးပတ်‌ေလာက်ကျန်သေးသော်လည်း ထိုအမျိုးသားက ရက်ပေါင်းများစွာ ကြောက်ရွံ့နေခဲ့သည်။

သူတို့အိမ်မှာရှိတဲ့အခါ သူသည်တစ်နေ့လုံး စိတ်ပူပြီး သူမကို ၂၄ နာရီ စောင့်ကြည့်နေချင်သည်။

သူမဗိုက်ထဲက ကောင်လေးက ညဘက်တွင် မကြာခဏ နိုးလာခဲ့တယ်။  အကြိမ်ပေါင်းများစွာ သူမနိုးလာသောအခါတွင် ထိုအမျိုးသားက အိပ်မပျော်‌ေသးပဲ  နက်မှောင်သောမျက်လုံးများဖြင့် သူမ၏မျက်နှာကို စိုက်ကြည့်နေသည်။

အစတော့ မန့်ချူး အံ့အားသင့်သွားပေမယ့် အကြိမ်ရေ တိုးလာတာနဲ့အမျှ တစ်ခုခုမှားနေပြီဆိုတာ သူမ သိလိုက်ရသည်။ သူသည် တစ်ညလုံး အိပ်မပျော်သလိုမျိုး နေ့ဘက်တွင်လည်း အလုပ်ရှုပ်နေခဲ့သည်။

✅✅Complete ✅ ✅ The ML always want to kill me 19+ (Mm Translation) Zawgyi+UnicodeWhere stories live. Discover now