မန့်ချူးသည် တကယ်ကို ကြောက်ပြီး ပင်ပန်းနေခဲ့သည်။ သူမသည် သူ့၏ဘေးမှာ အကြိမ်ပေါင်းများစွာ နိုးထလာရပြီး ဆေးစွဲနေတဲ့သူနဲ့ မထူးခြားနားပဲ။ သူ့အလိုကို ဖြည့်တင်းပေးရတဲ့ မိန်းမပျက်လိုပင် ကိုယ့်ကိုကိုယ်ခံစားလာရသည်။သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးက လည်း သူ့ရဲ့ ပုံရိပ်တွေချည်းပဲ။ ဒါပေမယ့်သူက အရင်ဘဝက လူလိုမဟုတ်ပဲ ပိုပြီး သိမ်မွေ့နေခဲ့တယ်။ သူမသိခဲ့တဲ့ ချန်ရှုအန်းနဲ့ကို လုံးဝမတူတာပင်။
အရင်ဘဝက သူမတို့ လမ်းခွဲခဲ့တဲ့ နေ့က သူမ ရဲ့ ၁၉ နှစ်ပြည့်မွေးနေ့ဖြစ်တယ်ဆိုတာတောင် သူ မသိခဲ့ဘူး။ လမ်းခွဲကြပြီးနောက် နှစ်ပေါင်းများစွာ ကြာအောင် သူမနားမှာ မြတ်နိုးသူတွေ ဝိုင်းဝိုင်းလည်နေခဲ့တယ်။ ပျော်စရာကောင်းတက်သူ ၊ စနောက်တက်သူ ၊ တည်ကြည်သူ၊ စသဖြင့်...
သူမ အမျိုးအစားအားလုံးကို တွေ့ဖူးခဲ့တယ်။ အရင်ဘဝက သူမသေတဲ့ အထိတောင် ထိုအကြောင်းအရာများ မစဉ်းစားမိခဲ့ဘူး။ သူမ ဆယ့်ရှစ်နှစ် အရွယ်ကတည်းက ကြိုက်နှစ်သက်ရပြီး သူမကို ဒုက္ခိတဖြစ်စေခဲ့တဲ့ ယောင်္ကျားက သူမကို တစ်ဘဝလုံး ချစ်နေခဲ့တယ်ဆိုတာကိုပေါ့......
ယခုတော့ ထိုသူအား ခန့်မှန်းရန် မခက်ခဲတော့ပေ။ ထိုအရာ က ကောင်းလား ဆိုးလားတော့ သေချာ မသိနိုင်ခဲ့ဘူး။ သူမ ချန်ရှုအန်းကို မုန်းပြီး ကြောက်ရွံ့သော်လည်း သူပြောခဲ့သလိုပင် အရင်ဘဝလို ပြန်မဖြစ်ဖို့တော့ မျှော်လင့်နေခဲ့သေးသည်။
ကောက်ရိုးလေး တစ်မျှင် ဆုပ်လိုက်ရသလို ခံစားချက်ပင်ဖြစ်လေသည်။ ထိုအရာက လူသားမစားတော့ဘူးလို့ ပြောနေတဲ့ ကျားကို ယုံကြည်နေသလိုပဲ။ အဆိုးဆုံးက သူမတွင် ရွေးချယ်စရာ မရှိတာ ဖြစ်လေသည်။
McDonald's သည် ပူပူနွေးနွေးရှိပြီး တစ်ညလုံး အလင်းရောင်တောက်ပနေလေသည်။ ၎င်းသည် ညအိပ်သူ အမျိုးအစားအားလုံးကို လက်ခံေလသည်။ မန့်ချူးသည် နေထွက်သည်အထိ ထိုင်နေခဲ့ေလသည်။
တူညီစွာပင် ကားလမ်းဘေးတွင် ရပ်နေသည့် ချန်ရှုအန်းသည် တစ်ညလုံး ကားပေါ်တွင် ထိုင်နေခဲ့ကာ ထိုနေရာအား စိုက်ကြည့်နေခဲ့သည်။ သူမ မထွက်လာ မချင်း အကြည့် တစ်ချက်မျှ မရွေ့ခဲ့ပေ။ သူလိုချင်သည့်အရာကို သူသိနေခဲ့ပေမယ့် သူမကိုတော့ အပြစ်မမြင်စေချင်ပေ။
ESTÁS LEYENDO
✅✅Complete ✅ ✅ The ML always want to kill me 19+ (Mm Translation) Zawgyi+Unicode
RomanceThis is my first translation. It is not my own.