Chapter 57 - S*x Addiction

7.1K 106 0
                                        


မန့်ချူး၏ ပို့စ်အောက်တွင် ချင်းဇဲ ၏ဆုတောင်းစကားများ ရှိလေသည်။ ထို့အပြင်ဝမ်ဟောင်နှင့် အခြားသူများလည်း ပါဝင်လေသည်။ လူတွေက အမြဲတမ်း အရေးမကြီးတဲ့ သတင်းအချက်အလက်များတောင်ရှာဖွေဖော်ထုတ်ကြလေသည်။

ညသန်းခေါင်ချိန်.....
အိပ်ရာပေါ်မှ ချန်ရှုအန်းသည် မျက်မှောင်ကြုတ်ကာ အိပ်မပျော်ပဲ ဟိုလိမ့် ဒီလိမ့် ဖြစ်နေသည်။

လက်တွေ့နှင့် အိမ်မက် တစ်လှည့်စီ ပေါ်နေလေသည်။ သူ ကြုံတွေ့ဖူးသော အရာများနှင့် အိမ်မက်ထဲသူ ကြုံဖူးသောအရာများအား သူ မခွဲခြားတက်တော့ပေ။

ဒီအချိန် သူအိမ်မက်တွေ အားလုံး က မန့်ချူးသာလျှင် ဖြစ်ခဲ့သည်။

ခဏအကြာတွင် သူတို့ ပထမဆုံးအချိန်တွေ့ခဲ့သော ပုံရိပ် ပေါ်လာခဲ့သည်။

မိန်းကလေးငယ် တစ်ဦးသည် သူမ၏ suitcase အကြီးကြီးအား ဆွဲလာခဲ့ရင်း လဲကျသွားခဲ့သည်။ သူမအား သူ့အေးစက်စက် တစ်ချက်ကြည့်ခဲ့ပြီး သူ ထွက်သွားရန်ပြင်လိုက်သည်။ ထိုအခိုက် ထိုမိန်းကလေးငယ်သည် သူ့ဘောင်းဘီစအား တင်းတင်းကြပ်ကြပ်ဆွဲထားခဲ့သည်။ မြေကြီးပေါ်တွင် ဒူးတစ်ဝက်ထောက်ပုံစံဖြင့် သူမခေါင်းအား မော့လိုက်ကာ

"ဟေးးးးး မသွားပါနဲ့ဦး ကျွန်မကို နည်းနည်းလောက် ကူညီပါဦး "

ခဏအကြာ သူမလေးသည် မတ်တပ်ရပ်လာခဲ့ပြီး သူမ၏ခန္ဓာကိုယ်ပေါ်တွင် ခရင်မ်နှင့် ပေါင်မုန့်အစအနများ ပေပွ နေခဲ့သည်။ သူမသည် သူ၏ရှေ့တွင် တိတ်ဆိတ်စွာ မတ်တပ်ရပ်ခဲ့ပြီး သူမ၏ ခြေထောက်အား စိုက်ကြည့်နေခဲ့သည်။ အချိနခအတန်ကြာသောအခါ သူမက

"ချန်ရှုအန်း ကျွန်မ‌တို့က အဆင်မပြေတော့ဘူးလို့ ကျွန်မထင်တယ်။ လမ်းခွဲရအောင်"

အိမ်မက်ထဲမှ ထိုသူသည် ကျောက်ရုပ်အတိုင်းပဲ တောင့်နေကာ လုံးဝမရွေ့လျားခဲ့ပေ။ ထို့နောက် သူမအား ဗလာအကြည့်ဖြင့် ပြန်လှည့်ကြည့်ခဲ့သည်။ ရွေ့လျားခြင်း တားမြစ်ခြင်း အလျဉ် မရှိပဲ သူမအား ထွက်သွားခွင့်ပြုခဲ့သည်။

ထိုနူးညံ့သော မိန်းကလေးသည် သူ့ရှေ့တွင် ပြန်ပေါ်လာကာ သူ့အား

✅✅Complete ✅ ✅ The ML always want to kill me 19+ (Mm Translation) Zawgyi+UnicodeWhere stories live. Discover now