ချန်ရှုအန်းက တကယ်တော့ ဒီကလေးကို မချစ်ပါဘူး။သူ့အတွက်ကတော့ ကလေးမွေးဖွားခြင်းရဲ့ အဓိပ္ပါယ်သည် မိခင်ဖြစ်သူ မန့်ချူးကို သူ့ဘေး မှာဆွဲထားချင်တာကြောင့်ဖြစ်သည်။ဒါပေမယ့် ထိုအရာက သူ့ကို ဖခင်ကောင်းတစ်ယောက်ဖြစ်ဖို့မတားပေ။
အဘယ်ကြောင့်ဆိုသော် မန့်ချူးသည် မိခင်ကောင်းတစ်ဦးဖြစ်မည်ကို သူသိသောကြောင့်ဖြစ်သည်။
မန့်ချူး ကိုယ်ဝန်ဆောင်ချိန်ကရေချိုးခန်းထဲမှာ သူမ ဗိုက်လေးကိုင်ပြီး စကားပြောနေသည်ကို ကြားဖူးသည်။
"ကလေး၊ မင်းကို အမေတို့က ချစ်ခြင်းမေတ္တာတွေ မျှော်လင့်ချက်ေတွနဲ့ဖန်ဆင်းခဲ့တာ။ မင်းကို ပြုလုပ်ချိန်မှာ မင်းမိဘတွေက တစ်ယောက်ကိုတစ်ယောက် တကယ်ချစ်ကြတာလေ"
သူသည် တံခါးအပြင်ဘက်တွင် တိတ်တဆိတ်ရပ်ကာနားထောင်နေပြီး တံခါးကိုမဖွင့်ခဲ့ပေ။
....
မန့်ချူး၏မွေးနေ့တွင် ချန်ရှုအန်းက
"ချူးချူး မင်းဘာလိုချင်လဲ?"
မန့်ချူးသည် မဖြေချေ။ သူမသည် သွေးများစွာ ဆုံးရှုံးပြီးနောက် ဖျော့တော့တော့ ဖြစ်နေခဲ့သည်။ သူမသည် အိပ်ရာမှထကာ လှည့်ပတ်သွားလာနိုင်သော်လည်း သူမတွင် ခွန်အားအများကြီးမရှိတာကြောင့် ပြင်သစ်စတိုင်ပြတင်းပေါက်ဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားခဲ့သည်။
ပေဂျင်းတွင် နွေဦးသည် ရောက်ရှိလာပြီး ဆောင်းရာသီတွင် ပျောက်ကွယ်နေသော စပျစ်နွယ်ပင်များနှင့် သစ်ပင်ဟောင်းများက ဆိတ်သုဉ်းပျောက်ကွယ်သွားကာ အောက်ထပ်မြင်ကွင်းသည် နွေးထွေးပြီး အရောင်အသွေးစုံလင်လှသည်။
"ချန်ရှုအန်း ရှင် ဘာလိုချင်တာလဲ"
သူမသည် ပျော့ပျောင်းသောကုလားထိုင်ပေါ်တွင်ထိုင်ရင်း သူ့ကိုမေးလိုက်သည်။
ပေါင်မုန့်သေးသေးလေးက နို့သောက်ပြီးနောက် အိပ်ပျော်သွားခဲ့သည်။
သူသည် သူမရှေ့တွင် ဒူးထောက်ထိုင်လိုက်ပြီး သူမ၏လက်ကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။
DU LIEST GERADE
✅✅Complete ✅ ✅ The ML always want to kill me 19+ (Mm Translation) Zawgyi+Unicode
RomantikThis is my first translation. It is not my own.