Part 1

2.5K 77 0
                                    

[Unicode]

ဒီနေ့ အိမ်က ထွက်လာကတည်းက နောက်ကျနေသည့်အတွက် ကျောင်းချိန်မမီမှာ စိုးရိမ်ပြီး ကျွန်မ တော်တော်လေး စိတ်လောနေမိ၏။ ထို့ကြောင့် ကျောင်းရှေ့တွင် ကားရပ်ရပ်ချင်းပင် အမြန် ပြေးဆင်းကာ ခြေလှမ်း ခပ်ကျဲကျဲနှင့် ကျောင်းထဲသို့ ဝင်လိုက်သည်။

ကျောင်းပင်မဆောင်ထဲ ဝင်ရန် လှေကားကျဥ်းလေးကို တက်ခါနီးမှာပင် ကျွန်မ လူတစ်ယောက်အား လှမ်းမြင်လိုက်ရသည်။ နောက်ကျောလေးသာ မြင်ရပြီး အရမ်း မနီးလွန်းလှသော်လည်း အရမ်းလည်း မဝေးသည့်အတွက် ဒေါ်ကေသီခင်ဖြစ်ကြောင်း ကျွန်မ ချက်ချင်းပင် အသေအချာ သိလိုက်၏။

ထို့နောက် ကျွန်မ နှလုံးခုန် မြန်လာကာ လက်ဖျား၊ ခြေဖျားများ အေးစက်လာသည်။ တစ်ချိန်တည်းမှာပင် ရင်ထဲတွင် ပူလောင်လာသည်။ ခြေလှမ်းတို့ကလည်း အလိုလို ရပ်တန့်သွားပြန်သည်။ ထိုဝေဒနာများဟာ သူမကိုမြင်တိုင်း ကျွန်မ ခံစားနေရမြဲပင် ဖြစ်သောကြောင့် သိပ်ပြီး မထူးဆန်းလှတော့ပါ။

သို့သော်လည်း ကျွန်မ နှလုံးသားမှာတော့ မရိုးနိုင်သေးဘဲ လှုပ်ရှားတုန်လှုပ်နေမြဲသာ ဖြစ်သည်။ စက္ကန့်ပိုင်းလေးအတွင်းမှာပဲ အတွေးများစွာနှင့် နစ်မွန်းနေသော ကျွန်မကိုယ်ကျွန်မလည်း စိတ်ပျက်မိ၏။ သူမကလည်း လှေကားတက်နေပြီ ဖြစ်၍ ကျွန်မနှင့် အတော်လေး ဝေးသွားပြီ ဖြစ်သည်။

ထို့အတွက်ကြောင့် ကျွန်မ စိတ်ကို ထိန်းကာ ခပ်သွက်သွက်လေးပင် လှေကားဆီသို့ ရောက်အောင် သွားလိုက်သည်။ သူမအနား ရောက်ရန် ခြေလှမ်း အနည်းငယ်မျှသာ အလိုတွင်တော့ ကျွန်မ ခြေထောက်ကို အသာဖော့ကာ အသံမကြားရအောင် လျှောက်မိ၏။ ထိုလှေကားသုံးလေးထစ်မျှကိုလည်း တုန်ရီစွာဖြင့်သာ တက်နေမိသည်။ သူမများ လှည့်ကြည့်ခဲ့လျှင်ဟု တွေးမိလိုက်သည်နှင့် လှေကားပေါ်က ပြေးဆင်းကာ ထွက်သွားလိုက်ချင်စိတ်များကလည်း တဖွားဖွား ပေါ်လာပြန်သည်။

ပင်မဆောင်ပေါ်သို့ အရောက်တွင်တော့ ကျွန်မ နောက်တွင် ကောင်မလေးတစ်ယောက် ပါလာသည်ကို သတိထားမိလိုက်သည်။ ကျွန်မ သတိထားမိမိချင်းမှာပင် အနောက်သို့ လှည့်ကြည့်လာသော သူမကြောင့် ကျွန်မ နှလုံးခုန်ရပ်တန့်သွားပြီလား ထင်ရလောက်အောင်ကို ကြောက်နေမိ၏။

သူမWhere stories live. Discover now