Part 16

480 44 2
                                    

[Unicode]

လပတ်စာမေးပွဲ ပြီးသွား၍ ထင်သည်၊ ကျွန်မ၏ ရူးကြောင်ကြောင် အတွေးတို့က အနည်ထိုင်စ ပြုလာသည်။ သို့သော် ထို အနည်ထိုင်နေပြီးသား အတွေးတို့ကို ကျွန်မက လှိုင်းထန်အောင် လုပ်လိုက်မိသည်။

စာအုပ်ဘီဒိုကို ရှင်းရင်းနှင့် ထွက်လာသော စာစီစာကုံးရေးထားသည့် စာရွက်နှစ်ရွက်က ကျွန်မအား ဆိုးဆိုးရွားရွား နာကျင်စေမည်ကို သိခဲ့သင့်သည်။ ကျွန်မ၏ လက်ရေးလှလှနှင့် ရေးထားသော 'ကုလသမဂ္ဂနှင့် ရေရှည်စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု' ဟု ခေါင်းစဥ်တပ်ထားသည့် ထို စာရွက်နှစ်ရွက်က ကျွန်မအား အတိတ်သို့ ပြန်ဆွဲခေါ်သွားသည်။

သူမနှင့် ကျူရှင်မှာ မတွေ့ရသည်မှာ ရက်သတ္တပတ် များစွာ ကြာခဲ့ပြီ ဖြစ်သည်။

ထိုသို့ အချိန်ကြာမှ ပြန်တွေ့ရသော်လည်း ကျွန်မအတွက်တော့ ဓာတ်ပုံရိုက်ရ အဆင်ပြေသည်က လွဲလျှင် ဘာမှ မထူးခြားပါ။ ဥပုသ်နေ့အစား တက်ရသည့် စနေနေ့ဆိုလျှင် ကျောင်းတက်သူ မရှိသလောက် နည်း၍ ကျွန်မလည်း ကျောင်းမတက်ဖြစ်ပါ။

သို့သော် သူမကတော့ ဘလောက်စ်အဖြူနှင့် ကျောင်းစိမ်းလုံချည် ဝတ်ထားသည်။ ထိုသို့ သူမကို အဖြူအစိမ်းနှင့် တွဲမြင်ရတိုင်း ကျွန်မ ကျောင်းမတက်မိသည်ကို နောင်တရသလိုလို ရှိသည်။ ကျွန်မတို့နှစ်ယောက်လည်း အရင်လောက် မရင်းနှီးတော့သလိုပင်။
~ ~
ဒီနေ့တော့ သူမက ဘလောက်စ်အမည်းရောင်လေး ဝတ်ထားသည်။ ကျွန်မတို့နှင့် သင်ရသည့် အချိန် ကြာလာလေလေ၊ သူမက သိပ်ပြင်ပြင်ဆင်ဆင်မရှိဘဲ ကပိုကရို ဖြစ်လာလေလေပင်။ မိတ်ကပ်တို့က ပါးလာပြီး နှုတ်ခမ်းနီ အရောင်ကလည်း ဖျော့လာသည်။ ကျွန်မကတော့ ဒါကိုပင် အချစ်ပိုနေရပေသည်။

မနက်မနက် စောစော အိပ်ရာမထနိုင်ကြောင်းကိုလည်း သူမက ညည်းညူသလိုနှင့် ကျွန်မတို့အား ခဏခဏ ပြောပြတတ်သည်။ အဲ့ဒါကြောင့်လည်း တစ်ခါတရံ ကျွန်မတို့ကို စာရှင်းပြီးလျှင် သူမ မှောက်အိပ်နေခြင်း ဖြစ်မည်။

ဒီနေ့ သင်သည့် ခေါင်းစဥ်ကတော့ 'အမျိုးသားပြတိုက်' ဖြစ်သည်။ သူမ၏ ထုံးစံအတိုင်းပင် စာရှင်းနေရင်းနှင့် တခြားအကြောင်းတွေဆီ ရောက်ရောက်သွားသည်။ အမျိုးသားပြတိုက်အကြောင်း ပြောနေရာကနေ အဆက်အစပ်မရှိဘဲ ထိုင်းနိုင်ငံဆီ ဘယ်လိုကနေဘယ်လို ရောက်သွားမှန်းပင် ကျွန်မ မသိလိုက်ပါ။

သူမWhere stories live. Discover now