Part 20

520 30 5
                                    

[Unicode]

ဒီနေ့ဟာ မတ်လ ၂ ရက်၊ တောင်သူလယ်သမားနေ့ဖြစ်သည့်အတွက် ကျောင်းပိတ်၏။ တခြားအရာတွေ မတွေးမိအောင် မနေ့က ကျောင်းမှ ပြန်ရောက်ကတည်းက စာသာ ဖိလုပ်နေမိသည်။

မနက်ဖြန် ဖြေရမည့် အင်္ဂလိပ်စာကို လုံလုံလောက်လောက် ကျက်မှတ်ပြီးပြီဟု ယူဆမိချိန်တွင်တော့ ကျွန်မ ခဏ အနားယူရန် ပြင်လိုက်သည်။ သို့သော် ကျယ်လောင်လှသည့် လော်စပီကာသံကို ကြားလိုက်ရ၍ စိတ်ပျက်စွာပင် တောက်ခေါက်လိုက်၏။

နားဒုက္ခ သက်သာလို သက်သာငြား အခန်းထဲတွင် လှဲနေရာမှ ပြန်ထကာ ဧည့်ခန်းတံခါးကို သွားပိတ်ရသေးသည်။ ဒါတောင် အသံကို လုံးလုံး မကြားရတော့ခြင်း တော့ မဟုတ်ပေ။ အရင်တုန်းကလိုဆို ဒေါသတကြီး အော်ဟစ်သောင်းကျန်းမိမည် ဖြစ်သော်လည်း အခုတော့ ကျွန်မမှာ အဲဒီလိုလုပ်ဖို့တောင် အားအင်မရှိနေပါ။

ထိုသို့ စိတ်ရှုပ်နေမိရာမှ သီချင်းသံကို ကြားလိုက်ရချိန်တွင်တော့ မီးကို ရေနဲ့ ဖျန်းပက်လိုက်သလိုပင် ကျွန်မ ချက်ချင်း ငြိမ်ကျသွားမိ၏။

"တစ်ခါငိုရရင် တစ်ခါမက ပြုံးခဲ့ဖူးတာလည်း မမေ့လိုက်နဲ့ဦး
အချိန်ရှိသေးတယ် နောက်ဆုံးလို့ နှုတ်မဆက်ခင်မှာ စဥ်းစားပါဦး
နေချင်ရင် နေလိုက်ကြရုံ မနေချင်ရင် သွားပေါ့ မတားပါဘူး
လူဆိုတာ မာနနဲ့ပါ နေရာတိုင်းတော့ အရှုံးမပေးနိုင်ဘူး"

သီချင်းစာသားတွေဟာ ခံစားချက်နှင့် တိုက်ဆိုင်နေသည့် အခါမျိုးတွင် ရုတ်တရက် ကြားရရုံနှင့်တင် လူကို ဆိုးဆိုးဝါးဝါး နာကျင်စေသည်။ မေ့ပျောက်ထားချင်သည့် မှတ်ဉာဏ်အပိုင်းအစတို့က အချိန်ခဏအတွင်းမှာပင် ခေါင်း​ထဲ ပြန်ဝင်ရောက်လာ၏။

သူမ၏ နာမည်ကို တခြားသူတို့၏ နှုတ်ဖျားထက်တွင် ကြားရသည့် အခါတိုင်း မကောင်းသတင်းတို့ကသာ ကပ်ပါလာလေ့ရှိသည်။ ထိုစဥ်တုန်းကတော့ ဒါကို လက်မခံနိုင်ခဲ့ဘဲ သူမကို မနာလိုသူတို့က လုပ်ကြံပြောဆိုနေကြခြင်းဟုသာ ထင်မှတ်ခဲ့၏။

ကျွန်မတို့ကို ဒီတိုင်း ကြည့်မနေနိုင်သည့် သူတွေကလည်း သူမအကြောင်း လာလာ ပြောပြကြသည်။ ကြားကြားချင်းတုန်းက ခဏတာမျှ ခံစားလိုက်ရသော်လည်း အလုံးစုံတော့ မယုံကြည်ခဲ့၊ သူမအပေါ် နားလည်မှု လွဲနေကြခြင်းသာ ဖြစ်သည်ဟု မှတ်ယူခဲ့မိ၏။ သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ အမှန်တရားက ပေါ်လွင်လာခဲ့လေသည်။

သူမWhere stories live. Discover now