[Unicode]
ကျွန်မ ဘယ်နေရာကို ရောက်နေမှန်း ကိုယ်တိုင်တောင် သေချာ မသိပါ။ အလင်းရောင်ဟာလည်း စူးရှလွန်းလှသဖြင့် မျက်စိပင် ကောင်းကောင်း မဖွင့်နိုင်ပေ။
ထို့ကြောင့် လမ်းလျှောက်နေရင်းနှင့်ပင် ဘေးဘီဝဲယာကို အကဲခတ်ကြည့်နေမိသည်။ ညာဘက်သို့ လှမ်းကြည့်လိုက်သည့်အခါတွင်တော့ ဆည်းဆာရောင် ဟပ်နေသော ငြိမ်သက်နေသည့် ကန်ရေပြင်ကျယ်၊ အရိပ်ရသစ်ပင်ကြီးနှင့် ထိုသစ်ပင်အောက်ရှိ ခုံတန်းရှည်တွင် ထိုင်နေသည့် အမျိုးသမီးတစ်ယောက်တို့ကို အစဉ်လိုက် မြင်ရသည်။
သူဟာ ကျွန်မနှင့် ဘေးတိုက်အနေအထားတွင် ရှိနေသော်လည်း တစ်ဘက်ကို မျက်နှာလှည့်ထားသဖြင့် သူ့အား ကောင်းကောင်း မမြင်ရပါ။ သူ့ရှေ့တွင်ရှိသောစားပွဲ၌ အအေးနှစ်ခွက်တင်ထားသည်ကို တွေ့ရသည်။ သို့သော်လည်း ထိုင်နေသည်မှာတော့ သူတစ်ယောက်တည်းသာ ဖြစ်သည်။
ဘေးဘက်မှ ကြည့်ရသည်မှာ ဒေါ်ကေသီခင်နှင့် တူလွန်းလှသဖြင့် သူ့အနားကို နည်းနည်းစီ ကပ်သွားမိသည်။ ထို့နောက် သူနှင့် မနီးမဝေးနေရာ၌ ကျွန်မ ခြေလှမ်းတွေကို ရပ်တန့်လိုက်သည်။ ကျွန်မဘက်ကို မျက်နှာမမူထားသဖြင့် မည်သူမှန်း သေချာမသိသော်လည်း သူ ဒီဘက် လှည့်လာသည့်အခါတွင်တော့ ကျွန်မ အတပ် သိလိုက်သည်။
ထိုသူကား ဒေါ်ကေသီခင့်ညီမ ဒေါ်သန္တာခင်ပင်။ သူက ကျွန်မကို လှည့်ကြည့်ကာ ပြုံးပြနေသည်။ ကျွန်မကတော့ ကြောင်၍သာ သူ့ကို ရပ်ကြည့်နေမိသည်။
ခဏအကြာ၌ ကျွန်မကို လက်ပြကာ လှမ်းခေါ်လာသောသူ့ကြောင့် အံ့သြနေမိသည်။ မယုံသင်္ကာ ဖြစ်နေမိ၍ ကျွန်မကိုခေါ်သလားဟု အမူအရာနှင့်အတူ လေသံလေးဖြင့် မေးလိုက်သည်။
ခေါင်းငုံ့ပြကာ ဟုတ်တယ်ဟု လေသံနှင့် ပြန်ပြောသောသူ့ကြောင့် ကျွန်မ သူ့အနားသို့ သွားလိုက်သည်။ သူ့ဘေးနားအရောက်တွင်တော့ ကျွန်မ ဒီအတိုင်းသာ ရပ်နေမိသည်။
"ထိုင်လေ သမီး"
"ဟုတ်ကဲ့"
သူ့အား စကားပြန်ပြောရင်းနှင့် သူ့ရှေ့ရှိခုံတွင် ကျွန်မ ဝင်ထိုင်လိုက်ရာ ကျွန်မနှင့်သူက မျက်နှာချင်းဆိုင် ဖြစ်သွားကြသည်။
YOU ARE READING
သူမ