Part 14

457 38 18
                                    

[Unicode]

ကျွန်မ မနက် အိပ်ရာထသည်နှင့် အတွေးထဲရောက်လာသူမှာ ဒေါ်ကေသီခင်သာ ဖြစ်သည်။ အခုလည်း အိပ်ရာထဲမှပင် ခင်မောင်တိုး၏ ရတနာသူ သီချင်းသံကို ခပ်တိုးတိုး ကြားနေရသည်။

"မင်းရဲ့ မျက်လုံးလေးများက
ပုလဲနဲ့မဟူရာ ပေါင်းစပ်ထားသလိုနှယ်
ကော့ညွတ်သွယ် နှုတ်ခမ်းလေးများက
သိပ်လှအောင် ပတ္တမြားသွေးလိမ်းကာခြယ်
ကိုယ်နေဟန် အချိုးကျသူရယ်
ရွှေရောင်လို အသားဝင်းဝါတယ်
သွားလေးတွေ ဖွေးဖွေးနုတယ် 
ပုလဲလေးတွေ သီကုံးထားသည့်နှယ်တကယ်
မင်းရဲ့ တစ်ကိုယ်လုံးပဲ လှတယ်
အဖိုးထိုက်ရတနာ ပေါင်းစုထားသလိုနှယ်"

ဒီသီချင်း နားထောင်တိုင်း သူမကိုသာ ပြေးမြင်မိသည်။ ထိုသို့ ဘယ်လိုမှ မေ့ပျောက်မရနိုင်သည့် မှတ်ဉာဏ်တွေက ကျွန်မကို ဖျက်ဆီးနေလေသည်။

မနေ့က သောကြာနေ့မှာ အမှတ်တမဲ့ တွေ့ဆုံခြင်းကနေ နာကျင်မှုတွေကို ရခဲ့သည်။ ကျောင်းရောက်တော့လည်း အေးမြတ်နိုးအောင်နှင့် တစ်ပွဲတစ်လမ်း နွှဲခဲ့ရသည်။ ဒီနေ့ တစ်ဆယ့်နှစ်ရက်မြောက်နေ့မှာတော့ အရာအားလုံး အဆင်ပြေနိုင်ဖို့ကိုသာ ကျွန်မ မျှော်လင့်နေမိသည်။

သူမက ဇာခရမ်းရောင် ဝမ်းဆက်လေး ဝတ်ထားပါသည်။ ဒီနေ့ သင်ဖို့ အလှည့်ကျသည်ကတော့ သဒ္ဒါဖြစ်သည်။ ဘာလို့မှန်း မသိ၊ သဒ္ဒါသင်သည့်နေ့ ဆိုလျှင် ကျွန်မ ခံစားချက် ကောင်းလေ့ရှိသည်။

သဒ္ဒါ နာမဝိသေသန အဆင့်ခွဲခြားခြင်း လေ့ကျင့်ခန်းတွင် ပါသည့် လှသော၊ သာ၍လှသော၊ အလှဆုံး ဆိုသည့် စာကြောင်းကို ကြည့်နေရင်းနှင့် ကျွန်မ အကြံတစ်ခု ရလာသည်။ တကယ့်ကို ရူးမိုက်လှသည့်အကြံ ဆိုသော်လည်း လုပ်တော့ လုပ်ကြည့်ချင်မိသည်။

ဘာမှ မထူးခြားသည့် အခြေအနေအတိုင်း ရေလိုက်ငါးလိုက်နေတာ ဒီမှာတင် တော်လောက်ပြီဟု တွေးမိသည်။ အခု ပေးလိုက်သည့် သဒ္ဒါလေ့ကျင့်ခန်းကို အသုံးချပြီး ကျွန်မအတွက်  အခွင့်အရေးရအောင် လုပ်ယူရမည်။

တကယ်တမ်း ချရေးဖို့ လုပ်တော့ ချီတုံချတုံဖြစ်လာမိသည်။
အကယ်၍များ သူမ စိတ်ဆိုးသွားခဲ့လျှင်...။
တွေးမိရုံနှင့်တင် ကြောက်စရာဖြစ်သည်။ သို့သော် နောက်ဆုံးတွင်တော့ ဖြစ်ချင်ရာဖြစ်ဟုသာ ကျွန်မစိတ်ကို လွှတ်ပေးလိုက်မိသည်။

သူမWhere stories live. Discover now