Part 9

520 52 0
                                    

[Unicode]

ဆယ်တန်းကျောင်းသူဘဝကို ကျွန်မ ခပ်ပေါ့ပေါ့ ဖြတ်သန်းနေမိ​၏။ ဒီလို မလုပ်သင့်မှန်း ဦးနှောက်က သတိပေးနေပါသော်လည်း သိသိလျက်နှင့်ပင် မရပ်တန့်နိုင်ပါ။ ကျူရှင်တက်နေ၊ စာကျက်နေသော်လည်း ကျွန်မ၏ စိတ်ထဲတွင် ဒေါ်ကေသီခင်သာ ရှိနေကြောင်း ကျွန်မကိုယ်ကျွန်မ သေချာ သိသည်။

မေ့ပစ်ချင်သော အတိတ်နှင့် ရုန်းမထွက်ချင်သော အတိတ် ထိုနှစ်ခုကြားတွင် ကျွန်မမှာ ဗျာများနေရသည်။ ပျော်စရာ အတိတ်များကို တွေးကာ ကြည်နူးနေရင်း ကျွန်မကြောင့် မျက်ရည်ကျခဲ့ရသည့် သူမကို တွေးမိပြန်လျှင် လူက ရူးချင်လာ၏။

အခုတော့ ကျွန်မဖုန်းထဲတွင် ရှိသည့် သူမဓါတ်ပုံကို ကြည့်ပြီး ရယ်​မိနေပြန်သည်။ ဒီလိုမျိုး မမုန်းပစ်နိုင်၊ မမေ့ပစ်​နိုင်ဘဲနှင့်များ အဲဒီလို လုပ်ရပ်မျိုး ဘာလို့များ လုပ်ခဲ့မိသလဲ မသိတော့ပါ။ ဘဝမှာ နောင်တဆိုတာ မရှိဟု အသံကောင်းဟစ်ခဲ့သည့် ကျွန်မက အခုတော့ ဒီနောင်တကြောင့်ပဲ ရူးတော့မည် ထင်၏။

သူမကို ကျူရှင်မှာ တွေ့ရတာ ငါးရက်မြောက်နေ့။ ဒီနေ့တော့ မြင်မြင်ချင်းမှာတင် ကျွန်မ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ အင်္ကျီမှာ ပန်းရောင်ပြောင် ရင်ဖုံးကိုမှ လက်ပြတ်ဖြစ်ပြီး လုံချည်မှာ ပန်းရောင်အောက်ခံတွင် အပေါ်က ရောင်စုံအကွက်ဆင် ဖြစ်သည်။ ဒီလို လုံချည်အဆင်မျိုး အခုတလော ခေတ်စားနေမှန်း သိသော်လည်း သူမ ဝတ်ထားသည်ကို မြင်ရလိမ့်မည်ဟုတော့ မတွေးမိခဲ့ပါ။ အရာအားလုံးထက် လက်ပြတ်ဝတ်ထားသည့် သူမအား မြင်ရခြင်းကိုသာ အံ့သြနေမိသည်။ သူမလိုအရွယ် ဆရာမတစ်ယောက်က ဒီလိုမျိုးဝတ်သင့်ရဲ့လားဟုတော့ တွေးမိသည်။

သူမ သိပ်နေမကောင်းပုံ ပေါ်ပါသည်။ စာ ခဏ ရှင်းပြီးသည်နှင့် ဒုတိယတန်းရှိ ယောက်ျားလေးများအား တစ်ဖက် တိုးခိုင်းပြီး အတွင်းဖက် အစွန်ဆုံး၌ စားပွဲပေါ် မျက်နှာအပ်ကာ မှောက်အိပ်နေသည်။ "တီချယ် နေမကောင်းလို့နော်" ဟု ပြောလိုက်သည့် သူမ၏ ခပ်ချွဲချွဲ လေသံကိုဖြင့် ဒီတစ်သက် မေ့နိုင်မည် မထင်ပါ။

သူမWhere stories live. Discover now