[Unicode]
ကျွန်မတို့နှစ်ယောက် တကယ်ကြီး ဝေးခဲ့ကြပြီ။ တစ်နေ့နေ့တော့ ပြန်အဆင်ပြေနိုင်ဦးမှာပါဆိုသည့် ကျွန်မ၏ မျှော်လင့်ချက်ဟာလည်း လုံးဝ ပျောက်ပျက်ခဲ့ရပြီ။ ဒီလိုပုံစံမျိုးနဲ့ ခွဲခွာကြရမည်ဆိုလျှင် အစကတည်းက မတွေ့ခဲ့ခဲ့ကြပါနဲ့လား။ အခုတော့ နှစ်ဖက်လုံး ဒဏ်ရာတွေ ဗလပွနဲ့ ဖြစ်ရပြီ။
အတိတ်က ဖြစ်ရပ်တွေကို သူမအား ပြန်ပြောပြချင်မိသည့် ကျွန်မ၏ အိမ်မက်တွေဟာလည်း လေထဲမှာတင် ပျောက်ကွယ်သွားရပြီ။ အမှတ်တရတွေနှင့်အတူ ဒဏ်ရာတွေကိုပါ တစ်သက်လုံး ကျွန်မတစ်ယောက်တည်း ထွေးပိုက်ထားရတော့မည်ထင်သည်။
သူမ၏ စိမ်းကားသည့် ဆက်ဆံပုံတွေကို ပြန်မြင်ယောင်မိသည့်အခါတိုင်း မျက်စိတင်းတင်းမှိတ်ကာ အတိတ်ဆီသို့ အတွေးရွက်လွှင့်ရသည့် ကာလများမှလည်း ဘယ်တော့မှပဲ လွန်မြောက်နိုင်မလဲ မသိတော့ပါ။
✧
အရင်တစ်ပတ်က ကျူရှင်ပိတ်တယ်ထင်ပြီး သွားမတတ်ဖြစ်၍ ဒီနေ့က ကျူရှင်မှာ သူမနဲ့ တွေ့ရတာ ရှစ်ရက်မြောက်နေ့ဖြစ်သွားသည်။ နောက်အပတ် ကျူရှင်မရှိဟု ပြောလိုက်သည်ကလွဲလျှင် ဒီနေ့က တကယ့်ကို ဘာမှ မထူးခြားပါ။
~ ~
ဒီနေ့ကတော့ ကိုးရက်မြောက်နေ့။ ဒီနေ့လည်း ပုံမှန်ပါပဲ။ သူမအတန်းထဲက သူတွေကိုသာ ဂရုစိုက်သည်။ သူတို့အကြောင်း ပြောသည်။ ပြီးတော့ နောက်အပတ် ကျူရှင်မရှိကြောင်း ပြောသည်။ ဒီလိုနဲ့ပဲ တစ်ရက်ကုန်သွားရပြန်သည်။
~ ~
ဒီနေ့ကတော့ သူမနဲ့ ကျူရှင်မှာတွေ့ရတာ ဆယ်ရက်မြောက်နေ့။ အခုတလော ကျူရှင်တက်ရသည်မှာ ဘာဆိုဘာမှ မထူးခြားပေ။ ဒေါ်ကေသီခင်နှင့်ကျွန်မမှာ စကားတစ်ခွန်းပင် မပြောဖြစ်။ ဒီအပတ်ကတော့ သူများဝိုင်းနှင့် သွားပေါင်းလိုက်ရသဖြင့် ပိုဆိုးသည်။ ကျွန်မကို လှည့်တောင်မကြည့်တော့ပေ။ နောက်အပတ် ဝိုင်းမပေါင်းရတော့ဖို့သာ ဆုတောင်းနေမိသည်။
~ ~
ဒီနေ့က တစ်ဆယ့်တစ်ရက်မြောက်နေ့ ဆိုပါတော့။ ပုံမှန်ဆိုလျှင် ကျောင်းရောက်မှ သူမအား တွေ့ရမည်ဖြစ်သော်လည်း ကံတရားက ကျွန်မအား မျက်နှာသာပေးလိုက်ပုံပင်။ ကျွန်မတို့ဝိုင်းသို့ အင်္ဂလိပ်စာဆရာမ မလာနိုင်သဖြင့် သူမရှိနေသည့် အေးမြတ်နိုးအောင်တို့ဝိုင်းသို့ လာပေါင်းလိုက်ရသောကြောင့် သောကြာနေ့မှာတင် သူမနှင့် တွေ့ရတော့မည်။ အရင်အပတ်က ဝိုင်းမပေါင်းရဖို့ ဆုတောင်းထားသည့် ကျွန်မအတွက်တော့ အဆိုးထဲကအကောင်းဟုသာ ပြောရမည်။
ESTÁS LEYENDO
သူမ