Part 19

605 46 2
                                    

[Unicode]

တက္ကသိုလ်ဝင်စာမေးပွဲ မတိုင်မီ နောက်ဆုံးအနေနှင့် ဖြေရသည့် အစမ်းစာမေးပွဲကာလသို့ ရောက်လာခဲ့ပြီ။ စာမေးပွဲကြောင့် ဖြစ်ပေါ်တတ်သည့် စိတ်လှုပ်ရှားမှုဆိုသည်ကို မသိတော့အောင်ပင် ကျွန်မဟာ စိတ်ခံစားချက် ကင်းမဲ့သည့် သူတစ်ယောက်လို ဖြစ်နေခဲ့၏။

သို့သော် ထိုအရာဟာ ကြာရှည် မခံ။ ကျွန်မ၏ ဒေါသမီးစာကို ထွန်းညှိပေးနိုင်မည့် လူတစ်ယောက်နှင့် တွေ့လိုက်ရသည့်အခါတွင်တော့ ကျွန်မကို အရှိန်ပြင်းစွာ လောင်ကျွမ်း​စေခဲ့သည်။

မြန်မာစာနေ့ဖြစ်သည့်အတွက် ကျွန်မ မြန်မာစာစာအုပ်ကို မျက်စိမှ မခွာဘဲ ကျောင်းဆောင်ထဲ ဝင်လာခဲ့သည်။ လှေကားတက်ခါနီးမှသာ ဘေးဘက်ကို တစ်ချက် လှည့်ကြည့်မိသည်။ ဒေါ်ကေသီခင် မရှိနေပေ။

ကျွန်မ ပင်မဆောင်သို့ တက်သွားလိုက်သည်။ စာအုပ်အပေါ်မှာပဲ အာရုံရောက်နေသဖြင့် လေးငါးလှမ်းလှမ်းပြီးမှသာ ကျောင်းမှာ မီးပျက်နေသည်ကို သိလိုက်ရသည်။ ထိုအချိန်တွင် ကျွန်မ ရပ်နေမိသည်မှာ ခြောက်တန်းဆောင်၏ လှေကားထိပ်ဖြစ်နေ၏။

ထိုလှေကားပေါ် တက်ချင်သည့်စိတ်က ကျွန်မကို ကြီးစိုးလာသည်။ အမှတ်တရဟောင်းတွေက အတွင်းဒဏ်ရာတွေလို နာကျင်စွာ ပြန်ပေါ်လာသည်။ ကျွန်မ ဘာလုပ်သင့်မှန်း၊ ဘယ်လိုလုပ်ရမလဲ မသိတော့။ သို့သော် နှလုံးသားကို ဦးစားပေးခဲ့တာ များပြီ ဖြစ်ကြောင်း အသိတရားဝင်သွားသည့် အခါတွင်တော့ ကျွန်မ ထိုလှေကားကို ကျောခိုင်းလိုက်ကာ ဒေါ်ကေသီခင်နှင့် တွေ့နိုင်မည့် အခွင့်အရေးကို လက်လွှတ်လိုက်၏။

ပင်မကျောင်းဆောင်က မှောင်မည်းနေသည့်တိုင် အေးမြနေသည်။ ထို့ကြောင့် ကျွန်မလက်ထဲတွင် ကိုင်ထားသည့် မြန်မာစာစာအုပ်ကိုပင် မေ့ကာ တစ်လှမ်းချင်းစီ ဖြည်းဖြည်းချင်း လျှောက်နေမိသည်။

ကွန်ပျူတာခန်းနားသို့ ရောက်လာသည်။ မီးပျက်နေသဖြင့် ထိုကွန်ပျူတာခန်းတစ်ခုလုံးက ပိန်းပိတ်အောင် မှောင်နေ၏။ ဒီနားတစ်ဝိုက်လုံးမှာ ကျွန်မ၏ခြေရာတွေ အပြည့်ဖြစ်ခဲ့သည်။ ဒီလို အမှတ်တရတွေနှင့် ပြည့်နှက်နေသည့် နေရာမျိုးကို ခွဲခွာရဖို့က နှစ်လလောက်ပဲ လိုတော့သည်။ ကျွန်မရင်ထဲတွင် ဝမ်းနည်းစိတ်တို့က လှိုက်တက်လာ၏။

သူမWhere stories live. Discover now