Part 17

517 50 1
                                    

[Unicode]

နောက်ဖေးမီးဖိုချောင်တွင် ထားထားသည့် ရေဒီယိုမှ သီချင်းသံဟာ ကျွန်မ စာလုပ်နေသည့် ဧည့်ခန်းထဲအထိ ခပ်တိုးတိုး ဝင်ရောက်လာသည်။ ကျွန်မ တုန်လှုပ်သွားမိသည်။

"မိုးအုံ့လို့ သစ်ရွက်ကလေးတွေ ငြိမ်နေရင်
တိမ်တွေပြိုတော့မှာ ကြိုသိတယ်
ဝါဆိုရယ် သိပ်သတိရမိတယ်
ပုန်းညက်တို့ ရောက်ရှိကြောင်းကို ကြေညာကာ
ငွေမှုန်ငွေစတွေ ရွာတော့ကွယ်
ဝါဆိုရယ် သိပ်သတိရမိတယ်"

ကျွန်မ ကြားနေရသည့် သီချင်းမှာ ရာစု၏ 'ဝါဆို'။ ငြိမ့်ညောင်းလှသော တေးသံ ဖြစ်သော်လည်း ကျွန်မအတွက်တော့ ခြောက်ခြားဖွယ်ရာ အတိပင် ဖြစ်သည်။ ထို့ကြောင့် ကျွန်မ ကိုယ်တိုင်တောင် သတိမထားမိလိုက်ခင်မှာပဲ ခြေလှမ်းတို့က ဝရန်တာဆီသို့ ဦးတည်ပြီး ဖြစ်နေသည်။

ကောင်းကင်က မှိုင်းသည်။ လေက အေးသည်။ ကျွန်မရင်ထဲတွင်တော့ မီးတောင်လို ပူလောင်လျက်ရှိသည်။

ဒီနေ့တော့ အောက်ထပ်က ဝိုင်းကို ကျွန်မတို့ သွားပေါင်းရသည်။ ဒီလိုအချိန်မျိုးဆို ကျွန်မ ဘယ်လိုမှ မပျော်။ A ခန်းက လူတွေနှင့် မပတ်သတ်ရအောင် ဒီဝိုင်းကို မတက်ခဲ့တာတောင် တစ်လကို နှစ်ခါလောက်တော့ အနည်းဆုံးလာပေါင်းရသည်။

ဒါဟာလည်း ဒေါ်ကေသီခင်ကြောင့်ပင်။ ကျူရှင်ပျက်ရက်များတတ်သည့် သူမအတွက် တခြားဆရာမတွေက အချိန်လိုက်ညှိပေးတာမျိုး၊ ဝိုင်းပေါင်းတာမျိုး လုပ်ရသည်။

ဒီဝိုင်းနှင့် ပေါင်းရသည့်အချိန်ဆို သိမ်ငယ်စိတ်က အလိုလို ဝင်လာသည်။ ကိုယ်ကိုယ်တိုင်က A ခန်းမှ ဖြစ်သော်လည်း လေးတန်းကတည်းက A ခန်းရောက်နေသည့် သူတို့နှင့် မယှဥ်နိုင်။ ဒီဝိုင်းနှင့် ပေါင်းချိန်ဆိုလျှင် သူမကလည်း ကျွန်မကို နည်းနည်းမှတောင် အရေးမစိုက်တော့။

အခုလည်း သူမက စိတ်ဆိုးနေပြန်သည်။  သူမကိုယ်သူမ ဒေါသကြီးသူ တစ်ယောက်အဖြစ် အမြဲ ရည်ညွှန်းပြောဆိုတတ်သည်မှာ အပို မဟုတ်ကြောင်း ကျွန်မ တဖြည်းဖြည်း သိလာရသည်။ အရင်တုန်းကဆိုလျှင် တအား ဒေါသထွက်လွန်း၍ တီဗီပါ ရိုက်ခွဲဖူးသည်ဆိုသော သူမကို အခုချိန်မှာ သွားမရှုပ်တာ ကျွန်မအတွက် အကောင်းဆုံးပင်ဖြစ်မည်။

သူမWhere stories live. Discover now