Part 21

823 40 10
                                    

[Unicode]

အခန်းထဲမှ အသီးသီး ထွက်လာကြသည့် လူအုပ်ကြီးကို ဆန်ကာ ကိုးတန်းဆောင်ဘက်သို့ သွားရသည်မှာ မလွယ်လှပါ။ လူတိုးမှာစိုး၍ စာမေးပွဲဖြေပြီးပြီးချင်း သွားတာ​တောင် လူက အတော်များ၏။

ကိုးတန်းဆောင်ကို ခြေချမိလိုက်မှသာ ကျွန်မ သက်ပြင်းချနိုင်သည်။ နာရီကို ကြည့်လိုက်တော့ ၁၂ နာရီအတိ။ ကိုးတန်းနားနေခန်းကို အမြန်သွားမှ ဖြစ်တော့မည်။ အတိတ်က အမှတ်တရတွေက နှလုံးသားထဲကို ကြည်နူးဆွတ်ပျံ့ဖွယ် တိုးဝှေ့လာ၏။ အသည်းနှလုံးထဲက ဖြစ်ပေါ်လာသည့် ဒီနွေးထွေးမှုဟာ ကျွန်မကို ပြုံးမိသွားစေဖို့ လုံလောက်သည်ထက်ပင် ပိုနေသည်။

ထိုနွေးထွေးမှုကို ရင်မှာပိုက်ကာ ကိုးတန်းနားနေခန်း​ဆီ သွားနေမိသည်။ နားနေခန်းရှေ့အရောက်တွင်တော့ အခန်းထဲမှာ ဆရာမနှစ်ယောက်သာ ရှိနေသည်ကို တွေ့ရ၏။ အခန်းထဲမှာ စောင့်နေသင့်လား၊ အပြင်မှာပဲ စောင့်နေရမလား ကျွန်မ စဥ်းစားရကြပ်သွားသည်။

"ဘာကိစ္စရှိလို့လဲ သမီး"

အခန်းထဲက ဆရာမက ကျွန်မကို လှမ်းအော်လိုက်သဖြင့် လန့်သွားမိသည်။ တကယ်တော့ သူ့အသံက ဒီလောက်လည်း မကျယ်လှပါ။

"တီချယ် ဒေါ်ယဥ်ယဥ်နိုင်နဲ့ တွေ့ချင်လို့ပါရှင့်"

"အထဲဝင်ခဲ့လေ"

"ဒေါ်ယဥ်ယဥ်နိုင် အစည်းအဝေးသွားတယ်၊ ကြာတော့ ကြာဦးမယ် ထင်တယ်၊ ဒီမှာပဲ စောင့်နေလိုက်လေ"

"ဟုတ်ကဲ့"

ဆရာမတွေက ခုနက ကျွန်မတို့ ဖြေထားသည့် အဖြေလွှာတွေကို ပိုက်ပြီး တစ်ယောက်ပြီးတစ်ယောက် ဝင်လာကြ၏။ ဆရာမတိုင်းက ကျွန်မကို အထူးအဆန်းလို ကြည့်နေကြသည့်အတွက် တဖြည်းဖြည်း ကိုယ့်​ကိုယ်ကိုယ် မြေကြီးထဲပင် ကျုံ့ဝင်တော့မလိုပင် ခံစားရမိသည်။ ဒီအခန်းထဲ ဝင်စောင့်ဖို့ ဆုံးဖြတ်လိုက်မိသည့် ကိုယ့်ကိုယ်ကိုယ်ပင် ဒေါသထွက်မိလာ၏။

ကျွန််မ ထပ်စောင့်မနေနိုင်တော့ပါ။ ဒေါ်ယဥ်ယဥ်နိုင်ကို တွေ့လိုတွေ့ငြား ကျွန်မတို့ကိုးတန်းတုန်းက အခန်းကို သွားကြည့်ဖို့ တွေးလိုက်၏။ အစည်းအဝေးပြီးပြီးချင်း စာသင်ခန်းထဲ တန်းဝင်သွားလည်း ဖြစ်နိုင်တာပဲမလား။ တကယ်တော့ ဒါဟာ လုံလောက်တဲ့အကြောင်းပြချက်မဟုတ်မှန်း ကိုယ့်ကိုယ်ကိုယ် အသိဆုံးပင် ဖြစ်လိမ့်မည်။

သူမTempat cerita menjadi hidup. Temukan sekarang