Part 8

541 53 0
                                    

[Unicode]

ကျွန်မ ဒေါ်ကေသီခင့်ကို မတွေ့ရတာ အတော်လေး ကြာပြီ။ ဒီနှစ်လ၊ သုံးလအတွင်းမှာ သူမအား နှစ်ခါသာ တွေ့ရသေး၏။ ဆယ်တန်းကျောင်းသူတစ်ယောက် ဖြစ်သည့်အတွက် ကျောင်းသွားဖို့ သိပ်မလိုခြင်းကြောင့် အတန်း​ပိုင်က လာရန် ခေါ်မှသာ သွားဖြစ်သည်။ ဒီ့အတွက် ဆယ်တန်း စတက်ကတည်းက ကျွန်မ ကျောင်းကို နှစ်ခါပဲ ရောက်ဖြစ်သေးသည်။

ထုံးစံအတိုင်း သူမကို မတွေ့ရသည့် ရက်များတွင် အတိတ်အကြောင်းကို ပြန်တွေးလိုက်၊ သူမနှင့် စကားပြောထားသည်များကို ပြန်ဖတ်ကြည့်လိုက်၊ သူမ ဓါတ်ပုံများကို ကြည့်လိုက်နှင့်သာ တစ်ရက်ပြီးတစ်ရက် ဖြတ်ကျော်နေရ၏။

ဒီနေ့ဟာ သူမနှင့် ကျူရှင်မှာ တွေ့တာ လေးရက်မြောက်နေ့။ သူမက ဒီနေ့ လိမ္မော်ရောင် ပြောင်ဝမ်းဆက် ဝတ်ထားသည်။ အင်္ကျီတွင် စီးကွင့်များ ထိုးထားပြီး လုံချည်မှာတော့ ပြောင်ပင် ဖြစ်၏။ ထို့နောက် ကျွန်မ၏ အကြည့်က သူမအင်္ကျီလက်ဆီ ရောက်သွားသည်။ သူမကို လက်ဇကမဝတ်ဟု ထင်ထားကာမှ ဒီနေ့ လက်ဇကနှင့်ဖြစ်နေသည်။ ကျောင်းမှာ အမြဲ လက်ရှည်သာ ဝတ်လေ့ရှိသည့် သူမကြောင့် နည်းနည်းတော့ အံ့သြသွားမိသည်။

သို့သော် ရွှေဝါရောင် အသားအရည် ရှိသည့် သူမ၏ လက်ဖျံကြောတွင် ပေါ်နေသည့် သွေးကြောစိမ်းလေးများနှင့် မွေးညှင်းနုနုလေးများဟာ မြတ်နိုးဖွယ်ရာ အတိ ဖြစ်ကြောင်းကိုတော့ ဘယ်လိုမှ ငြင်းမရနိုင်ပါ။

ဒီနေ့တော့ သိပ်မထူးခြားဟု ဆိုရမည်။ ကျွန်မကို ဖုတ်လေတဲ့ငါးပိရှိတယ်လို့ပင် သဘောထားပုံ မရပါ။ သူမအတန်းက လူတွေကိုသာ အရေးတယူလုပ်သည်။ ဒီကျူရှင်မှာ သူမအတန်းက လူတွေတင် ငါးယောက်တောင် ရှိ၏။

အရင်တစ်ပတ်က ကျောင်းမှာ ကျွန်မ ရှပ်အင်္ကျီချုပ်သည့် စက်ဆိုင်လိပ်စာကို ပေးတော့လည်း သူမက မှတ်မိပုံပင် မရပါ။ ဘာသိဘာသာ နေလိုက်လျှင် ရပါလျက်နှင့် လျှာရှည်ပြီး သွားပေးမိသည်ကို ပြန်စဥ်းစားလိုက်လျှင် ကိုယ့်ကိုယ်ကိုယ် ပိတ်ရိုက်ချင်မိသည်။ အရင်တစ်ပတ်က ကိစ္စရော အခု ကျွန်မကို အရေးမစိုက်သည်ပါ ပေါင်းပြီး ကျွန်မ ဘယ်လိုမှ စိတ်အဆင်မပြေတော့၍ မျက်နှာတည်နေမိသည်မှာ ယွန်းနဒီအသံ မကြားခင်အထိပင်။

သူမWhere stories live. Discover now